အခန်း - ၆၁

29.2K 2.5K 161
                                    

Unicode//

ချန်းတစ်ယောက် ဝိုင်တစ်ခွက်ကိုကိုင်ကာ သူ့ကိုကျောပေးထားသော အဖြူရောင်ကျောပြင်လေးရှိရာသို့ ကြည့်လိုက်မိသည်။

သူ့အနေနဲ့ ထိုကောင်လေးနှင့်တစ်ညတာအချိန်ဖြုန်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်။ တစ်ညလုံး သတ်နေရဖို့အခြေအနေသာရှိသည်။ သူရှောင်နေလိုက်လို့ရသော်ငြား ဒီညအဖို့ စိတ်ဝင်စားစရာအကောင်းဆုံးကိစ္စကို အလွတ်ခံစရာလားလေ။

"မင်းတို့၂ယောက်လုံးနေခဲ့"

နောက်မှကပ်ပါလာသော နှစ်ယောက်ကိုလှည့်ပြောလိုက်ပြီး ထိုအဖြူရောင်ပုံရိပ်လေးဆီလျှောက်သွားလိုက်သည်။

"အစ်ကိုလေး...ကျွန်တော်တို့ရဲ့ Menuအသစ်ကိုမြည်းကြည့်ချင်လားမသိဘူး"

"မမြည်းချင်ဘူး...မင်းသွားတော့...
ဪ ဒါနဲ့ မင်းကိုခိုင်းတဲ့သူတွေကိုပြောလိုက်...ထိုက်မင်ချန်းကို ဒီလိုလာမချိုးနဲ့လို့"

"ဟုတ်...ဟုတ်ကဲ့"

ပြောလိုက်တော့ ကောင်လေးက တုန်တုန်လှုပ်လှုပ်နှင့် အမြန်ထွက်သွားသည်။ ချန်း မဲ့ပြုံးပြုံးလိုက်ကာ ဦးတည်ရာဆီ လျှောက်သွားလိုက်ပြီး ဘေးနားကပ်ကာ ရန်စဖို့အလုပ်...

ဒုတ်! (ခေါင်းနဲ့မေးစေ့မိတ်ဆက်သံ)

"အ!"

"အ!"

"ဟာ..."

"ဟား...ကုန်ပါပြီ"

ချန်းလက်ထဲရှိ ဝိုင်ခွက်ထဲမှ ဝိုင်များအားလုံးမှောက်ကျသွားသည်မို့ နှစ်ယောက်လုံး၏ အင်္ကျီများပေါ်တွင် စွန်းထင်းကုန်သည်။ ကြည့်လိုက်တော့ သူထင်ထားသူမဟုတ်။ အစောပိုင်းက အနက်ရောင်ဝတ်ထားသော ကောင်လေးဖြစ်နေသည်မို့ ချန်း အနည်းငယ်ကြောင်သွားစဥ်...

"အာ...တောင်းပန်ပါတယ် ကျွန်တော်အလျင်လိုနေလို့ ခဏဖယ်ပေးပါလား"

"ဘာ!!!"

အလျင်စလိုဟန်ဖြင့် သူ့ကို အတင်းတိုးတိုက်ထွက်သွားသူအား ဒေါသထွက်ထွက်နှင့် ဆောင့်ဆွဲလိုက်တော့....

"ဟ!...မင်း"

ရုတ်တရက်ကြိီး တိုက်ခိုက်လာတာကြောင့် အမြန်ရှောင်လိုက်မိသည်။ ဘားမှလူများအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကာ သူတို့ကို စူးစမ်းသလိုကြည့်လာသည်။

ကန့်လန့်ဆန်သောအချစ် Hikayelerin yaşadığı yer. Şimdi keşfedin