အခန်း - ၆၀

29.2K 2.4K 322
                                    

Unicode //

ထိုက်မင်ချန်းထွက်သွားသည်နှင့် ရာစုမဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။

ထိုစဉ်…

Ringing…

“အေး ပြော”

“အကုန်လုပ်ပြီးပါပြီ…သခင်လေး”

“အေး တစ်ခုခုလွဲလို့ကတော့ မင်းတို့အသေပဲ”

“လွဲစရာမရှိပါဘူး သခင်လေး…အင်္ကျီပုံစံ၊အရောင်ကအစ သေချာပြခဲ့တာပါ”

“အေး မှတ်တမ်းတင်တဲ့ဘက်ကို သေချာဂရုစိုက်ကြ”

“ဟုတ်ကဲ့ပါ သခင်လေး”

“အေး ဒါပဲ”

ဖုန်းချလိုက်ပြီးနောက် ကျေနပ်စွာပြုံးမိသည်။

...ဒီတစ်ခါတော့ မင်းကိုပွဲသိမ်းပေးမယ်….

ထိုစဉ်...

Ringing…

Ringtoneသံကြောင့် ကြည့်လိုက်မိတော့ သူ့ရဲ့တစ်ဦးတည်းသောညီလေး။

...ဘာတွေပွားဦးမလဲမသိ…

“Hello..”

“ကိုရာ ဘာတွေလုပ်နေပြန်တာလဲ…ကျွန်တော် အကုန်သိပြီးပြီ… အဲ့ဘက်နဲ့မနွယ်ဖို့ ကျွန်တော် သတိပေးထားတယ်လေ…ကိုရာခုလိုဆက်လုပ်နေမယ်ဆိုရင် ကျွန်တော် ပါပါးဆီ အကုန် သတင်းပို့တော့မယ်”

“ဒါနောက်ဆုံးပဲ ရန်လေး…ဒါမှမအောင်မြင်ရင် ငါအဆုံးသတ်မှာပါ”

“ကိုရာအခုလုပ်မယ့်ကိစ္စကိုပေါ့သေးသေးမှတ်နေတာလား… တကယ်လို့အောင်မြင်တယ်ပဲထား…ဈာန်းဦးခိုက်က  သတိရလာရင်
ခွင့်လွှတ်မှာပဲ….ဒါကလုပ်ကြံမှုကြီးမှန်းမသိရအောင် သူတို့ကနလပိန်းတုံးတွေမဟုတ်ဘူး…ကိုရာဒီလောက်နဲ့ပဲ…”

“ရန်လေး!!!!!!! မင်းတော်လိုက်တော့! တောက်!!!"

ခွမ်း…….(ဖုန်းနဲ့နံရံမိတ်ဆက်သံ)

“အား…..မဟုတ်ဘူး…အဲ့လိုမဖြစ်ရဘူး”

ခလွမ်း….ခွမ်း….(စားပွဲပေါ်မှခွက်များနှင့် ဝိုင်ပုလင်းများကျကွဲသံ)

“သခင်လေး…သခင်လေး…အဲ့လိုမလုပ်ပါနဲ့”

“ဖယ်…ဖယ်ကြစမ်း…ငါအခုပဲသွားသတ်ပစ်မယ်”

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now