အခန်း - ၈

39.5K 3.5K 528
                                    

Unicode //

မေမေထွက်သွားတော့ နှိုင်းမန်တစ်ယောက် Fbသုံးနေလိုက်သည်။ News feedမှာ Trendဖြစ်နေသည့်သတင်းက...

>>Zynn Construction Company CEOရဲ့ လက်ထပ်မင်္ဂလာပွဲ<<

လုပ်ငန်းရှင်ကြီးများ၏ပုံတွေအပြင် မင်းသားမင်းသမီးတစ်ချို့ပွဲကိုရောက်နေသည့်ပုံတွေပါပါသေးသည်။

ထိုသူတွေကြားမှာ ပြုံးရယ်ပြီးဧည့်ခံနေသော
ဈာန်းဦးခိုက်ပုံကြောင့် နှိုင်းမန်တစ်ယောက် နှုတ်ခမ်းကိုမဲ့လိုက်မိသည်။

....မသိရင် သူ့ချစ်သူနဲ့ညားတာကျနေတာပဲ...ဒီလူကြီးတော်တော်ဟန်ဆောင်ကောင်းတယ်....ဟက်...

တွေးလိုက်မိတော့ နှုတ်ခမ်းတွင်မဲ့ပြုံးတစ်ချက်ထင်လေသည်။

ထိုစဥ်...

ချလောက်!

"အငယ်....အဆင်သင့်ဖြစ်ပြီလား....ဧည့်သည်တွေစုံနေပြီ...သွားရအောင်..."

အခန်းတံခါးပွင့်သွားသံနှင့်အတူ သူ့အားပြောကာ လက်ကမ်းပေးလာသည်မို့ ထိုလက်အား ဘာမှမတွေးဘဲ ပြန်ဆုပ်ကိုင်လိုက်တော့ အံ့ဩသွားပုံရသည်။

"ကိုယ်က မင်းကြောက်နေမယ်ထင်တာ..."

"ကြောက်ရအောင် ကျွန်တော်တို့ဘာမှားထားလို့လဲ..."

"အင်း ဟုတ်ပါပြီ....အပြင်ရောက်ရင်ကိုယ်တို့ကိုသတင်းထောက်တွေဝိုင်းမေးကြလိမ့်မယ်...
အငယ်လည်းရိပ်မိမှာပါ...."

"အွန်း....ကျွန်တော်သိတယ်..."

အစောပိုင်းတွင် သူအဖေစိတ်ဆိုးမှာကိုကြောက်ပြီးအော်ကြီးဟစ်ကျယ်ငိုခဲ့သောကောင်လေးသည် ယခုအခါတွင် အေးဆေးတည်ငြိမ်နေလွန်းစွာ။

စိတ်ညစ်စရာမရှိသလိုကြည်စင်နေသည့်မျက်နှာလေးနှင့် တစ်ခါတစ်လေ စိတ်ထဲကမပါသော်ငြား ကန့်လန့်တိုက်ရမှစားဝင်အိပ်ပျော်တတ်သည့်ကောင်လေးသည် ယခုအချိန်မှစ၍ သူနှင့်သက်ဆိုင်သူဖြစ်လာတော့မည်။

ထို့နောက်...

"လာလေ...သွားမယ်ဆို..."

"ဪ...အင်း...အငယ်....လက်ချိတ်မှာလား..."

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now