အခန်း - ၅၅

32.5K 2.6K 12
                                    

Unicode //

အချိန်အားဖြင့် မနက်၅နာရီ။
အိမ်တော်တစ်ခုလုံးရှိ သက်ရှိ၊ သက်မဲ့များအားလုံး ငြိမ်သက်ကာအနားယူနေကြချိန်တွင်အမျိုးသားတစ်ယောက်ကတော့ စိတ်ရောက်ကိုယ်ပါလှုပ်ရှားနေသည်။

ခမ်း....

Messageလေးတစ်စောင်ကြောင့် တစ်ညလုံးအိပ်မရသည်အထိဖြစ်ဖူးပါသလား...

ဘယ်သူမှမဖြစ်ဖူးရင်တောင် သူကတော့ဖြစ်ဖူးပါပြီ။ Messageလေးတစ်စောင်...တစ်နည်းအားဖြင့် မျိုးတူကောင်လေးတစ်ယောက်ထံမှ Messageလေး။ ထိုစာလေးတစ်စောင်ကြောင့် တစ်ညလုံးအိပ်မရသည်အထိ စိတ်လှုပ်ရှားနေရပါသည်ဆိုလျှင် အားလုံးက သူ့ကိုအရူးဟုဆိုကြလေမလား။

‘မနက်ကျ Breakfastလိုက်ကျွေး၊ Wangfujing street၊ 6:30A.M’

ဒီစာလေးကို ဖွင့်ဖတ်မိနေသည်မှာ အကြိမ်ရေအားဖြင့်တောင် သူမမှတ်မိတော့။ အပိုအလိုများမပါဘဲ လိုရင်းကိုသာရေးထားသောစာလေးတစ်စောင်သည် ထိုစာပိုင်ရှင်လေးကဲ့သို့ပင် ချစ်ဖို့ကောင်းသည်ဟု ထင်မိသည်မှာလည်း အကြိမ်ကြိမ်...။

၆နာရီခွဲအတွက် ၃နာရီလောက်ကတည်းက အဆင်သင့်ဖြစ်နေပါသည်ဆိုလျှင်...။

ပေကျင်း၏ ဆောင်းဦးရာသီမနက်ခင်းသည် အေးစိမ့်လွန်းသည်မို့ ခမ်းတစ်ယောက် ခဲရောင်လည်ပိတ်ဆွယ်တာအပါးတစ်ထည်ပေါ်တွင် Long Coatအနက်ရောင်ကိုထပ်ကာဝတ်ဆင်ထားသည်။ Chino Pants အနက်ရောင်ကလည်း သူ့ခန္ဓာကိုယ်ပေါ်တွင် Fitဖြစ်ကာ ကြည့်ကောင်းနေပါသည်။

ခမ်းတစ်ယောက် ပုံပျက်မည်စိုး၍ ကုတင်ပေါ်တွင် တောင့်တောင့်ကြီးထိုင်နေမိသည်။

ရေမွှေးမဆွတ်ရသေးဘူးပဲ...

ချက်ချင်းထကာ ဗီရိုဆီလျှောက်သွားလိုက်ပြီး အတွင်းမှ ရေမွှေးပုလင်းကိုထုတ်ယူကာဆွတ်လိုက်ပြီး ပြုံးလိုက်မိသည်။ ဒီလိုခံစားချက်တွေအသက်ဝင်နေတာမျိုးကို သူနှစ်သက်မိပါသည်။ရေမွှေးပုလင်းကို နေရာတကျပြန်ထားလိုက်ပြီး ဗီရိုတံခါးကိုပြန်လည်ပိတ်ပြီးနောက် ဘာလုပ်ရမှန်းသူမသိတော့...။

ကုတင်ဆီပြန်လျှောက်လာလိုက်ပြီးနောက် ကုတင်ဘေးမှ စားပွဲလေး၏ အံဆွဲကိုLockဖွင့်လိုက်သည်။ ထို့နောက် အောက်ဆုံးမှဖိုင်တွဲအိတ်လေးကိုထုတ်ယူလိုက်ပြီး အိတ်ကိုဖွင့်ကာ အတွင်းမှ ဖိုင်တွဲတစ်ခုကိုထုတ်လိုက်သည်။

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now