အခန်း - ၃၆

33.6K 3K 167
                                    

Unicode //

အကုန်ထွက်သွားပြီး အတန်ကြာသည်အထိ နှစ်ယောက်လုံး တိတ်ဆိတ်နေကြသည်။ ထို့နောက် အေးစက်စက်လေထုကို ထွင်းဖောက်လိုက်သူက ဈာန်း။

"ပြန်ရအောင်....မင်းလေစိမ်းထဲမှာနေတာ
ကြာနေပြီ"

နှိုင်းမန်မော့ကြည့်လိုက်တော့ စိုးရိမ်မျက်ဝန်းများနှင့်ပြောလာသူ။ ဂရုစိုက်လို့ပဲ ဝမ်းသာရမည်လား၊ ခုမှသိသည့်ကောင်လေးတစ်ယောက်ကို ဂရုစိုက်နေလို့ပဲ စိတ်တိုရမည်လား မဝေခွဲချင်တော့။

"လာ ထ....မင်းအိမ်မှာဆေးဝင်ယူရဦးမယ်"

နှိုင်းမန် ဖုန်းကိုထုတ်လိုက်ကာစာရိုက်လိုက်သည်။

‘ကျွန်တော့အိမ်မှာပဲနေလို့မရဘူးလား’

"မရဘူး....ကိုယ်စိတ်မချဘူး"

လုံးဝအပြတ်အသတ် အငြင်းခံလိုက်ရသည်မို့ အထွန့်မတက်,တတ်တော့။

"သွားရအောင်"

မိမိ၏လက်ကိုဆွဲကာ ဦးဆောင်ခေါ်သွားသူ။
ကိုယ်မဟုတ်သည့် ကိုယ်ကိုယ်တိုင်နှင့် သဝန်တိုချင်မိလာသည်။ ခုမှသိတဲ့ကောင်လေးတစ်ယောက်ကို ဒီလိုကြင်နာနေရကောင်းလားဆိုပြီး အပြစ်တင်ချင်မိသည်။ သို့သော်လည်း ဒီအထိအတွေ့လေးတွေကို သူမစွန့်လွှတ်နိုင်။ နှစ်နှစ်ကျော်တမ်းတခဲ့ရသည့် သူ့အကြင်နာများမှ ချက်ချင်းကြီး ရုန်းမထွက်ချင်သေး။

ခင်ဗျားကျွန်တော့်ကို မေ့လိုက်ပြီလား....ဒါဆို ရုံးခန်းထဲကပုံတွေကရော ဘာလဲ?

အတွေးကမ္ဘာထဲနစ်မြောနေသောကြောင့် car parkingသို့ ဘယ်လိုရောက်သွားမှန်းမသိ။

"တက်လေ"

ကားတံခါးဖွင့်ကာပြောလာသူကြောင့် အလိုက်သင့်ကားထဲဝင်လိုက်မိသည်။ ဂရုစိုက်မှုတွေကို ကျေနပ်မိသလိုနှင့် မကျေနပ်။လုံးဝမကျေနပ်ပါ။

သို့သော် ကားထဲရောက်ရောက်ချင်း တွေ့လိုက်ရသည့်ပုံလေးကြောင့် ခန္ဓာကိုယ်လေးက တောင့်ခနဲဖြစ်သွားသည်။

မင်္ဂလာဆောင် ဓာတ်ပုံလေး...

တစ်နည်းအားဖြင့် သူတို့နှစ်ယောက် မင်္ဂလာဆောင်တုန်းက ပုံလေး။

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now