အခန်း - ၄၁

33.5K 2.9K 122
                                    

Unicode //

"ဒါလေးက သားငယ်လေးအကြိုက် ငါးဥကြော်ထားတာ....စားကြည့်...."

ဒေါ်မွန်သက်ငယ်တစ်ယောက် နှိုင်းမန်ကြိုက်သည့် ဟင်းမှန်သမျှကို ပါးစပ်ကပြောလိုက် နှိုင်းမန်၏ပန်းကန်ထဲထည့်လိုက်နှင့် အလုပ်ရှုပ်နေသည်။ ထို့ကြောင့် ပန်းကန်ထဲတွင် ထမင်းပင်မမြင်ရလောက်အောင် ဟင်းများက နေရာယူနေတော့သည်။

မိဘရင်ငွေ့အောက်ရောက်လျှင် လူတိုင်းကလေးဆန်သွားတတ်ကြသည်ဆိုတာ အပိုမဟုတ်ပေ။ အသက် ၂၅ပင်မပြည့်သေးသည့် နှိုင်းမန်အနေနဲ့ကတော့ မိခင်ရင်ခွင်အောက်ပြန်ရောက်သွားသည့်အချိန်တိုင်း ပီဘိကလေးသဖွယ်ပင်။

ထိုသို့ မိခင်ရဲ့ ဂရုစိုက်မှုတွေအောက် သာယာနေစဉ်...

"မွန်ရေ....မင်းသားအငယ်ကောင်က လက်ပြတ်နေတာမဟုတ်ဘူးနော်....သူ့ဘာသာထည့်စားပါစေ...တော်တော့ ကိုယ့်ဘာသာစားစရာရှိတာစား"

သားအမိပြန်လည်တွေ့ဆုံခန်းသည် ဦးစေမာန်၏ ဆင်ဆာဖြတ်မှုအောက်တွင် ရေစုန်မျော
လေသည်။နှိုင်းမန်တစ်ယောက် ဖခင်ဖြစ်သူအား မကြည်ကြည့်ဖြင့် ကြည့်လိုက်မိသည်။

....သည်းခံစမ်း....အဲ့ဒါ မင်းရဲ့မွေးသဖခင်ကျေးဇူးရှင်ကြီး အစစ်အမှန်ပဲ....Cloneမဟုတ်ဘူး....အစစ်ဖြစ်ကြောင်း သက်သေပြနေတာ....သည်းခံလိုက်....

ထိုစဉ်...

"ငယ်လေး....ကိုဈာန်းကို ဟင်းတွေထည့်ပေးလိုက်ဦးလေ"

"ဟုတ်သားပဲ...သားဈာန်းကိုမေ့နေတာ....
ထည့်ပေးလိုက်သားငယ်လေး...သားယောက်ျားအကြိုက် သားပဲသိမှာ"

ဒေါ်မွန်သက်ငယ်၏ စကားအဆုံး မျက်နှာတွေ၊ နားရွက်တွေ ရဲရဲနီလာကြသော ကောင်လေးနှစ်ယောက်။

အမှန်အတိုင်းပြောရလျှင် သူ့အကြိုက်ကို နှိုင်းမန်
လည်း မသိ။ အတူတူထမင်းစားခဲ့ဖူးသည်မှာလည်း လက်ချိုးရေ၍ရသည်။

သို့သော် မသိဘူးဆိုလျှင်လည်း မကောင်းတတ်သည်မို့...

.....မသိဘူး....ကျွန်တော်ထည့်ပေးတာ ခင်ဗျား
ကြိုက်ကို ကြိုက်ရမယ်....

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now