Unicode//
နွေးထွေးသောခံစားချက်နှင့်အတူ နိုးထလာရသော နံနက်ခင်း။
နှိုင်းမန် နိုးလာသည်နှင့် မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်မိတော့ လွမ်းဆွတ်ခဲ့ရသော ရင်ခွင်ကျယ်က်ို မြင်တွေ့လိုက်ရတာမို့ မျက်နှာအပ်ကာ ပါးချိုင့်လေးနှစ်ဖက်ပေါ်သည်အထိ ပြုံးလိုက်မိသည်။
....မွှေးတယ်...နွေးထွေးတယ်...အေးချမ်းတယ်....ခင်ဗျားရင်ခွင်က ကျွန်တော့်အတွက် အရာရာပါ ကိုကို....
တစ်ယောက်သောသူမနိုးအောင် ခိုးနမ်းရင်း
ရင်ထဲတွင် တဒိတ်ဒိတ်ခုန်နေသည်။ လက်မောင်းနာနေမည်စိုး၍ ခေါင်းလေးကို ဖွဖွလေးကြွလိုက်မိတော့ အနှီလူသားက လှုပ်ရှားလာသည်။ နှိုင်းမန်လည်း ရင်တထိတ်ထိတ်နှင့် အိပ်ချင်ဟန်ဆောင်နေလိုက်သည်။ ထို့နောက် ထိုလူသားသည် မိမိအားတင်းခနဲဖြစ်အောင် ပြန်ဆွဲဖက်ပြီး ပြန်လည်ငြိမ်ကျသွားသည်။နှိုင်းမန်တစ်ယောက် သက်ပြင်းဖွဖွချကာ မျက်လုံးကို မရဲတရဲလေးဖွင့်ကြည့်လိုက်တော့ လွမ်းဆွတ်ခဲ့ရသည့် မျက်နှာကို ဖူးတွေ့လိုက်ရသည်။ မျက်နှာဖြူဖြူတွင် ထင်းထွက်နေသည့် မျက်ခုံးထူထူနှစ်သွယ်ကို လက်ဖျားလေးနှင့် ဖွဖွလေး ထိကြည့်မိသည်။ နှာတံချွန်ချွန်နှင့် ပိရိသေသပ်လွန်းသော နှုတ်ခမ်းတ်ို့က လွန်စွာပနံရသည်။
အိပ်နေတာတောင် ပုံပျက်ပန်းပျက်ဖြစ်မသွားသော ဆံပင်ပုံစံက ပုံမှန်အချိန်ဆို ဘယ်လောက်တောင် ကြည့်ကောင်းလိုက်မလဲ...
အိပ်ပျော်နေသူ နိုးမလာအောင် ခပ်ဖွဖွထိတွေ့နေရင်း အသက်ပါအောင့်ထားမိသည်။
....ခင်ဗျားက စိတ်ချလို့မရအောင် ကြည့်ကောင်းလွန်းနေတယ် ကိုကို....
အမွှေးအမျှင်မရှိအောင် ရိတ်ထားတာကြောင့် မေးစေ့တစ်ဝိုက်နှင့် နှုတ်ခမ်းအထက်နားတစ်ဝိုက်တွင် အနည်းငယ် စိမ်းညို့ညို့ဖြစ်နေသည်။
ကျွန်တော်က ခင်ဗျားနဲ့ထိုက်တန်ပါ့မလား.... ခင်ဗျားလိုလူမှာ ပြီးပြည့်စုံတဲ့ လက်တွဲဖော်မျိုးပဲ ရှိသင့်တာ....ကျွန်တော်မှာတော့ ခင်ဗျားအတွက် အချစ်တစ်ခုပဲ ပြီးပြည့်စုံတာရှိတော့တယ်....
YOU ARE READING
ကန့်လန့်ဆန်သောအချစ်
RomanceCredit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ်သူအဟောင်းတွေအတွက်ပြန်တင်ပေးတာမို့ အသစ်တွေအနေနဲ့ သေချာစဉ်းစားပြီးမှဖတ်ကြပါ၊ ကျွန်မကိုယ်တိုင်တောင်မှ...