အခန်း - ၃

53.9K 4K 468
                                    

Unicode //

"ဘာလုပ်နေတာလဲ သားငယ်...ကြည့်စမ်း...
ကုတင်အပေါ်မှာရော အောက်မှာပါ ပွထနေတာပဲ..."

သူမဝင်လာသည်ကိုပင် သတိမထားမိစွာ
ဗီဒိုထဲမှအဝတ်တွေကို ဆွဲထုတ်လိုက်၊ခေါင်းခါလိုက်၊ပစ်ချလိုက်လုပ်နေသော သားဖြစ်သူအားကြည့်ပြီး ဒေါ်မွန်သက်ငယ်တစ်ယောက် မနေနိုင်စွာ မေးလိုက်သည်။

သို့သော် အဖြေကချက်ချင်းပြန်မလာ။
ခနနေမှ...

"မေမေ့ ဒါလေးကသားနဲ့လိုက်လား...အာ...
မဟုတ်သေးပါဘူး...ဒါကဟိုတစ်လောကဝတ်ထားတာကြီး...ဒါမဝတ်ချင်ဘူး"

သူ့ဘာသာမေး၊သူ့ဘာသာဖြေကာ တစ်ယောက်တည်း အလုပ်ရှုပ်နေသောသားငယ်ကိုကြည့်ပြီး ဒေါ်မွန်သက်ငယ်စိတ်ပူလာမိသည်။

ဒီကလေး ချစ်သူတွေဘာတွေများရနေပြီလားမသိ။

"သားငယ်လေး...."

"ဗျာ....မေမေ....ဟာ! ဒါကိုရှာနေတာခုမှတွေ့တယ်..."

အဝတ်ပုံထဲကို စိတ်တိုင်းကျမွှေနေရင်း သူမခေါ်သည်ကို ပြန်ထူးလာပြီးနောက်တွင် သူရှာနေသောအင်္ကျီအားတွေသွားပုံရသည်။ ထို့နောက်
အနက်အစင်းများပါသော အင်္ကျီအဖြူလက်ရှည်ကိုကိုင်ကာ ကုတင်ပေါ်မှခုန်ပေါက်ဆင်းလာသော သားဖြစ်သူကြောင့် သူမ အတွေးများသထက်များလာသည်။

"သားငယ်...အဝတ်တွေကို သေချာသပ်သပ်ရပ်ရပ်ပြန်ထားနော်"

" နှိုင်းမန်ပါ မေမေရ...အပြင်ထွက်လာတာနဲ့ ရှင်းလင်းကျန်ခဲ့စေရမယ်...စိတ်ချ"

"ဟုတ်ပါပြီရှင်"

ထို့နောက် ဒေါ်မွန်သက်ငယ်တစ်ယောက် သက်ပြင်းအသာချကာ သားငယ်၏အခန်းထဲမှပြန်ထွက်လာခဲ့လိုက်သည်။

သမီးကိုမေးကြည့်ဦးမှပါ...

______________________________

ဈာန်း Siteထဲက ပြဿနာတွေကိုအကုန်ဖြေရှင်းပြီး အိမ်သို့ပြန်လာလိုက်သည်။ အိမ်အရောက် နာရီကိုကြည့်လိုက်မိတော့ နာရီလက်တံက 4ကိုညွှန်ပြနေသည်။ ပြဿနာဆိုသည်ကလည်း လာလိုက်လျှင် ဆွေနှင့်မျိုးနှင့်။ ဒီနေ့အဖို့ သူတော်တော်ပင်ပန်းနေပြီဖြစ်သည်။

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now