အခန်း - ၇၂ (အချပ်ပို ၁)

41.7K 2.6K 381
                                    

Unicode//

"အငယ် ကိုယ်တို့တော်ရအောင်"

"ဟားဟား...အဖိုးကြီးတစ်ယောက်တော့မောနေပြီထင်တယ်"

သူ့ကိုကြည့်ပြီး နောက်ပြန်ပြေးနေတဲ့ အငယ်။ ခေါင်းမော့ကာရယ်လိုက်ဟန်က ငေးချင်စဖွယ်အတိ။ အသက် ၃၀အရွယ်အမျိုးသားတစ်ယောက်လို့မထင်ရအောင် အငယ်က နုပျိုနေတော့တာ။ ပါးချိုင့်လေးနှစ်ဖက်ထင်းနေအောင် ရယ်နေတဲ့ကလေးငယ်ဟာ သူ့အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ရတနာလေးပဲ။ အရင်ကအရောင်စုံပြောင်းနေတတ်တဲ့ဆံပင်လေးတွေက  အခုတော့ အနက်ရောင်မှတစ်ပါး အပြောင်းအလဲမရှိတော့။

"သုံးထိပ်စီးချင်းအတူတူကို အဖိုးကြီးလို့စရဲသေးတယ်ပေါ့"

"ကိုကိုက လေးထိပ်စီးပြောင်းဖို့ လေးဂဏန်းပဲလိုတော့တာလေ...စရဲတာပေါ့"

ပြုံးစိစိမျက်နှာပေးဖြင့်ပြောလာသောအငယ်။

"နောက်ပြန်မပြေးနဲ့ ချော်လဲမယ်"

"Yes sir"

ထို့နောက် နှစ်ယောက်သားဘေးချင်းယှဥ်ကာ ပြေးလိုက်ကြသည်။ အရွယ်ရောက်ပြီးသော အမျိုးသားနှစ်ဦး၏ မနက်ခင်းအစဟာ နှစ်ယောက်အတူ လေ့ကျင့်ခန်းလုပ်ခြင်းပင်။ ယခုလည်း ခြံထဲတွင်ပတ်ပြေးနေကြခြင်းဖြစ်သည်။

စင်ဝင်အောက်ကိုရောက်တော့ နှစ်ယောက်သားရပ်လိုက်ကြပြီး အကြောလျှော့လိုက်ကြသည်။

"ချွေးတိတ်မှ ရေချိုးရမယ်နော်"

"ဟုတ်ကဲ့ပါဗျာ...ကိုကို့ကိုကျော်ပြီး ရေချိုးခန်းထဲဝင်မရမှန်းသိပါတယ်"

"အမြဲအဲ့လိုပြောပြီး လုပ်ချင်တာလုပ်နေတာများ"

"ရော်...ကဲ...ပြော ကိုကိုမသိဘဲ ကျွန်တော်ဘာလုပ်လို့လဲ"

"မပြောဘူး အငယ့်ဘာသာသိအောင်လုပ်"

တစ်မနက်လုံးအကောင်း။ အခုမှဘာထဖြစ်မှန်းမသိ၊ တစ်ခုခုကိုမကျေနပ်သလိုပြောပြီး အိမ်ထဲဝင်သွားသော ကျောပြင်ကျယ်ကိုကြည့်ကာ နှိုင်းမန်ရယ်ချလိုက်သည်။

...ကိုကိုကတော့ အသက်ကြီးလာလေလေ မြုံစိစိဖြစ်လာလေလေ။ ၃၆နှစ်ရှိပြီဖြစ်သော အမျိုးသားက ကြီးလေခန့်လေဖြစ်လာတာများ မနာလိုချင်စရာ။ လုပ်ငန်းတွေက တစ်ဆထက်တစ်ဆပိုမိုကျယ်ပြန့်လာသည်။ ဈာန်းဦးခိုက်ဆိုသော မိမိအမျိုးသားသည် လူကြီးလူငယ်မသိသူမရှိလောက်အောင်ထိ နာမည်ကြီးလာသည်။

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now