အခန်း - ၄၉

31.1K 2.6K 346
                                    

Unicode //

"ဒီရက်ပိုင်း ကိုရာဘာတွေလုပ်နေလဲ?"

"ထွေထွေထူးထူးမရှိပါဘူး"

"သေချာစောင့်ကြည့်ထား ရိုဟန်... ငါ့အထင် သူတစ်ခုခုကို ကြိတ်စီစ
ဉ်နေသလိုပဲ..."

"ဟုတ်ကဲ့... ပိုပြီးတင်းကြပ်ခိုင်းထားလိုက်ပါမယ်..."

"အင်း သွားလို့ရပြီ..."

ပြောပြီးနောက် လက်ထဲမှသကြားလုံးကို အခွံခွာကာ ပါးစပ်ထဲထည့်လိုက်သော ကောင်လေး။

"သခင်လေး!!"

"ဒီနေ့ ဒါနောက်ဆုံးပဲ...စိတ်ချလက်ချသွား..."

ဆိုဖာပေါ်လှဲချလိုက်ရုံမက မျက်လုံးပိတ်ကာ လက်ကို ကလေးတွေတာ့တာပြသလို ဝှေ့ယမ်းပြလိုက်သောကောင်လေးသည် အန္တရာယ်များသော လုပ်ငန်းကြီးများအား ထောင့်စေ့အောင်အုပ်ချုပ်နိုင်သူတစ်ယောက်ဖြစ်သည်ဆိုတာကိုတော့ ငြင်း၍မရ။

ထိုကောင်လေးကိုကြည့်ပြီး အနည်းငယ်ကော့တက်သွားသော နှုတ်ခမ်းထောင့်တစ်စုံသည် လက်ထဲမှဖုန်း၏ တုန်ခါမှုကြောင့် မူလအခြေအနေသို့ပြန်ရောက်သွားသည်။ ထို့နောက် အနားယူနေသောကောင်လေးအား နှောင့်ယှက်မိမည်စိုး၍ ခြေလှမ်းများကို အရှိန်နှစ်ဆတင်ကာ အပြင်အမြန်ထွက်လိုက်ပြီးမှ...

"အေး..."

"....."

"ဘယ်သူတွေလဲ"

"....."

"သေချာစောင့်ကြည့်ထား..."

"....."

"သေချာမှ သခင်လေးကိုတင်ပြမယ်....သူတို့လူတွေကို နည်းနည်းပေးပြီးစည်းရုံးကြည့်လိုက်...ဒီည အတိအကျသိအောင်လုပ်...."

"....."

ထို့နောက် ဖုန်းချလိုက်ကာ ပင့်သက်ရှိုက်မိသည်။

....မင်းကိုအမြဲဒုက္ခပေးနေတဲ့ မင်းအစ်ကိုဆိုတဲ့လူကို ငါတကယ်အစဖျောက်ပစ်ချင်နေပြီ ရန်လေး....

_______________________________

"အရင်ကတည်းက Babeက ငါ့အပိုင်ဘယ်တော့မှဖြစ်မလာနိုင်ဘူးဆိုတာ ငါသိပြီးသား
မိုက်ခ်....အဲ့ဒါကြောင့် ငါ့ကိုသနားတဲ့ရုပ်လာမလုပ်နဲ့"

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now