အခန်း - ၁၉

35.7K 3.3K 308
                                    

Unicode //

"ဘာ!!!!!"

"ဟဲ့ ဖြည်းဖြည်းအော်ပါ ကူးရယ်....နင့်ကြီးတော် လင်နောက်လိုက်တာကျနေတာပဲ"

"ဟဲ့ ဒီကိစ္စက ငါ့ကြီးတော် လင်နောက်လိုက်တာထက် ဆိုးတယ်ဟ....ဒါနဲ့ နေပါဦး....အဲ့တော့ နင်က ငါတို့ကိုဈာန်းကြီးကိုထားခဲ့ပြီး အလင်းနောက်လိုက်သွားမယ်ပေါ့ ဟုတ်လား"

"အလင်းနောက်လိုက်သွားမှာ မဟုတ်ပါဘူးဟာ...အလင်းနဲ့ငါ အတူတူသွားမှာပါ...နင်ပြောမှ မသိရင်ခိုးရာလိုက်တာကျလို့"

"ဟဲ့ မသာတွေရဲ့...ခုနင်တို့လုပ်မယ့်ပုံက အဲ့သဘောပဲလေ"

"ဟမ်"

"အေးလေ....နင်က သာမာန်ယောက်ျားမှမဟုတ်တာ.... ယောက်ကျားယူထားတဲ့ ယောက်ျားဆိုတော့ နင်အလင်းနဲ့ နှစ်ယောက်တည်းကိုရီးယားသွားရင် သူများတွေက ဘယ်လိုထင်မလဲ စဉ်းစားကြည့်"

ဆရာမကြီးမျက်နှာပေးဖြင့် ပြောလာသော
သူငယ်ချင်းမကို အလင်းရော နှိုင်းမန်ပါ
နားရင်းအုပ်ပစ်ချင်စိတ်တို့က တဖွားဖွား။

ဒီဟာမလေးသာ တရားသူကြီးဖြစ်ရင် မည်သည့်အမှုမဆို သေဒဏ်ပေးနိုင်သည်။

"ဒါနဲ့ နင်က ကိုဈာန်းကိုမချစ်ဘူးလား"

နှုတ်ဆိတ်ကာ ငြိမ်ကျသွားသော နှိုင်းမန်ကြောင့် အလင်းနှင့်ကူးတို့ မျက်လုံးချင်းဆုံသွားသည်။

ထိုစဉ်...

Ringing...

"Hello"

"Hello...ဟုတ်ကဲ့....
ကိုနှိုင်းစေတမန်လားမသိဘူး....
အဝတ်အစားထုပ်လာပို့တာပါ"

"ဪ ဟုတ်ကဲ့....ကျွန်တော်ထွက်လာခဲ့ပါ့မယ်"

ထို့နောက် နှိုင်းမန်တစ်ယောက် အဝတ်အစားထုပ်ကိုဆင်းယူကာ ပြန်တက်လာလိုက်သည်။

"ဟဲ့....ဒီအထုပ်ကရောဘာလဲ....
နင်ဒီမှာဘယ်နှစ်ရက်တောင်နေမလို့လဲ....
ကိုဈာန်းကိုရော အသိပေးပြီးပြီလား...."

"ဟာ တကူကူးမရယ်....နားညီးလိုက်တာ....
ခဏနေဦး....ငါအန်တီမြဆီ ဖုန်းပြန်ဆက်ဦးမယ်"

ထို့နောက် အန်တီမြဆီဖုန်းဆက်လိုက်တော့...

"Hello"

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now