အခန်း - ၁၆

34.9K 3.2K 80
                                    

Unicode //

အမြင်မှားသည်ထင်၍ သေချာအောင်ထပ်မံကြည့်မိပြန်တော့ သေချာသွားပါတော့သည်။

တကယ်ကို အငယ်ပဲ...

အရောင်နုများက်ိုသာခုံမင်သည့် ကောင်လေးသည် ဒီနေ့မှာမှ သူနှင့်အလားတူအနက်ရောင် Suitကိုဝတ်ဆင်ထားသည်။အရိပ်ကျသည့်နေရာတွင်ထိုင်နေခြင်းမို့ ဝင်လာလာချင်း သူသတ်ိမပြုမိခဲ့။

မင်းပြောတဲ့မိတ်ဆွေဆိုတာဘယ်သူများလဲ
အငယ်....

သွားရမယ့်နေရာက တစ်ခုတည်းဖြစ်နေတာတောင် အဓိပ္ပါယ်မရှိတဲ့အကြောင်းပြချက်နဲ့ ရှောင်ထွက်သွားခဲ့တာ ဘာကြောင့်လဲ?

အတွေးတို့ကြောင့် ဆထက်တိုးပူလောင်လာ
သည်မို့ ရေတစ်ခွက်ယူကာမော့ချလိုက်မိသည်။

...အကြောင်းပြချက်ကောင်းတစ်ခုတော့ လိုချင်မိတယ် အငယ်...

ထို့နောက် ထိုလူသားဆီသို့ထသွားရန်အပြု လူတစ်ယောက်က ထိုလူသားနားကိုရောက်သွားသည်မို့ ပြန်ထိုင်ကာကြည့်နေလိုက်မိသည်။ ထိုလူသည် ဤပွဲအားစီစဉ်သူဖြစ်နေသည်မို့ ထပ်မံအံ့အားသင့်ရပြန်သည်။

ထိုစဥ်...

"ကိုကို....ဘာဖြစ်နေတာလဲ"

ဘေးမှမေးလာသည့် ငယ်လေး၏အမေးကို ခွန်းတုံ့မပြန်နိုင်။တစ်ယောက်သောသူ၏မျက်နှာနားကိုကပ်သွားသောသူကြောင့် ဒေါသတို့က ထောင်းခနဲ။

ထို့နောက် တစ်ယောက်သောသူ၏ လက်ကိုဆုပ်ကိုင်ကာ မိမိတို့ဘက်သို့ဦးတည်လာနေပုံက ကိုယ့်ကိုစိန်ခေါ်နေသည့်အလားပင်။

ထို့နောက်တွင် နှစ်ယောက်လုံး သူတို့အနားသို့ရောက်လာကြသည်။ ဈာန်း သက်ဆိုင်သူအား ခပ်တည်တည်ကြည့်ပေးလိုက်မိတော့ တစ်ဖက်မှလည်း သူ့ကိုခပ်စူးစူးပြန်ကြည့်နေပုံမှာ မသိလျှင် သူဘာမှလုပ်မထားသလိုပင်။

ထိုစဥ်...

"အိုး Mr.Time....Partnerနဲ့ မိတ်ဆက်ပေးပါဦး..."

ဘေးနားမှ လုပ်ငန်းရှင်တစ်ယောက်ကဝင်ပြောလိုက်သည်။ ဝိုင်၏ဂုဏ်သတ္တိကြောင့်ဂုဏ်သရေရှိပုဂ္ဂိုလ်သည်လည်း အာသွက်လျှာသွက်ဖြစ်နေပုံရသည်။

ကန့်လန့်ဆန်သောအချစ် Tempat cerita menjadi hidup. Temukan sekarang