Unicode //
"အငယ် သွားရအောင်လေ"
အသံကြောင့် နှိုင်းမန်ဖျတ်ခနဲကြည့်လိုက်ပြီး မျက်စိလွှဲလိုက်ပေမယ့် သူ့ပုံကဓာတ်ပုံရိုက်ထားသလို မျက်လုံးထဲစွဲပါလာသည်။
Leather Jerkinအနက်ကို ရှပ်အဖြူပေါ် ထပ်ဝတ်ထားပြီး Jeanဘောင်းဘီရှည်ကလည်းအနက်မို့ အသားဖြူတာကထင်းနေသည်။
ဒီလူကြီးက ဘာဝတ်ဝတ်Fashionကျလွန်းတယ်...
ကားပေါ်ကိုရောက်တော့...
"ဘာစားချင်လဲ အငယ်"
"ဘာဖြစ်ဖြစ်"
"Ok ကိုယ်ကြ်ိုက်တဲ့တရုတ်အစားအစာဆိုင်ကိုခေါ်သွားမယ် ဖြစ်လား"
"အွန်း"
...အချေကောင်လေး...ခုထိရှက်နေတုန်းလားမသိ...
ထို့နောက် ဈာန်းဘာမှထပ်မပြောတော့ဘဲ ကားကိုသာအာရုံစိုက်မောင်းလိုက်သည်။
>>True Star <<ဆိုသည့် ဆိုင်ရှေ့ကိုရောက်တော့ ကားပါကင်ထိုးလိုက်သည်။
ထို့နောက် နှိုင်းမန်က ဆိုင်ကိုတစ်ချက်မော့ကြည့်လိုက်ပြီး...
"ဪ ဒီဆိုင်မှာကျွန်တော်တစ်ခါပဲစားဖူးတာ"
"ဟုတ်လား ကိုယ်ကတော့အမြဲထိုင်ဖြစ်တယ်"
"အင်းပေါ့ ဘောစိတွေဆိုတော့လည်း..."
"ဟားဟား....အငယ်ရယ်....ဆိုင်ကအဲ့လောက်လည်းဈေးမကြီးပါဘူးကွ"
"ကျွန်တော်ကခင်ဗျားလိုအလုပ်အကိုင်မှသေချာမရှိသေးတာဗျ...ရတဲ့မုန့်ဖိုးကလည်း ကျွန်တော့်skin careဖိုးတွေထဲရောက်တာများတယ်ဆိုတော့ ဒီလိုဆိုင်ကြီးတွေမှာအမြဲမစားနိုင်ဘူး"
"ဟုတ်ပါပြီ အငယ်ရယ်....အခုဆိုကိုယ်ရှာသမျှအငယ်ပိုင်တာဖြစ်နေပြီပဲဟာ....အမြဲစားချင်လည်းစားလို့ရနေပါပြီကွာ"
ထိုစကားပြောလိုက်တော့ အငယ်သည် ကျွန်တော်ကိုအဓိပ္ပါယ်ပါသောအကြည့်တစ်ချက်ဖြင့် စက္ကန့်ပိုင်းမျှစိုက်ကြည့်ပြီးနောက် ကားပေါ်မှဆင်းသွားလေသည်။
အငယ်သည် အကြိမ်ပေါင်းများစွာ သူ့အားထိုသို့ကြည့်ဖူးသည်။ သို့သော်လည်း ထိုအကြည့်၏အဓိပ္ပါယ်ကို တစ်ခါမှအဖြေရှာမရခဲ့။
ВЫ ЧИТАЕТЕ
ကန့်လန့်ဆန်သောအချစ်
Любовные романыCredit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ်သူအဟောင်းတွေအတွက်ပြန်တင်ပေးတာမို့ အသစ်တွေအနေနဲ့ သေချာစဉ်းစားပြီးမှဖတ်ကြပါ၊ ကျွန်မကိုယ်တိုင်တောင်မှ...
