အခန်း - ၁၈

35.2K 3.2K 48
                                    

Unicode //

"ကလေးက ဘာမှမဖြစ်ပါဘူး....ပင်ပန်းပြီး ဖျားတာမျိုးမလို့ စိတ်ပူစရာမရှိပါဘူး....ကျွန်တော် ဆေးသုံးခွက်စာ စပ်ပေးထားခဲ့မယ်"

"ဟုတ်ကဲ့ ဒေါက်တာ....မနက်စောစော ပင့်ရတာအားတော့နာပါတယ် ကျေးဇူးပါ"

"ရပါတယ်ဗျာ....ဖျားနာတယ်ဆိုတာ အချိန်အခါမှမရှိပဲ....ကျွန်တော့်ကိုခွင့်ပြုပါဦး"

"ဟုတ်ကဲ့ပါ"

ဈာန်း ဆရာဝန်ကိုအိမ်အဝထိ လိုက်ပို့ကာ နှုတ်ဆက်ပြီးနောက်တွင် တစ်ယောက်သောသူကိုရှာဖွေလိုက်မိသည်။

....ဪ သူအပြင်သွားမယ်ပြောသွားတာပဲ....

အသိပေးသွားသောစကားကို သတိရတော့မှ ရှာဖွေမှုကိုရပ်တန့်လိုက်မိသည်။ထို့နောက်
ထိုတစ်ယောက်သောသူ၏ အခန်းထဲမှ အထုပ်တစ်ထုပ်နှင့်ထွက်လာသော အန်တီမြကြောင့်...

"အဲ့ဒါဘာလဲ အန်တီမြ....ဘာလုပ်ဖို့လဲ"

"အယ် သားဈာန်းမသိဘူးလား.... သားနှိုင်းလေးက ဒီနေ့အိမ်ပြန်မလာဘူးတဲ့"

"ဗျာ...ဘယ်လို...ကျွန်တော်လည်း မသိရပါလား...ဒါနဲ့ ဒီအထုပ်တွေက..."

"ဪ ဒါက သားနှိုင်းလေးရဲ့ အင်္ကျီတွေလေ...
၁၀စုံလောက်ထည့်ပြီး ပို့ပေးပါဆိုလို့"

"၁၀စုံတောင်ဆိုတော့ ဘယ်နှစ်ရက်တောင်သွားနေမှာမလို့လဲ...ကျစ်!"

"..... "

"ဒါနဲ့ အန်တီမြက လိပ်စာရောသိလ်ို့လား....
ဘာနဲ့သွားပို့မှာလဲ"

"အဲ့ဒါက Taxiတစ်စီးစီးနဲ့ထည့်ပေးလိုက်ပါတဲ့...လိပ်စာကိုတော့ မောင်အေးမင်းဖုန်းကို msgပို့လိုက်မယ်တဲ့"

အေးမင်းဆိုတာက ခြံထဲကမာလီလေးပင်။

ဘယ်ချိန်က ရင်းနှီးသွားလို့ ဖုန်းနံပါတ်တောင်သ်ိနေရတာလဲ...

ဈာန်းအလိုမကျစွာတွေးလိုက်မိပြီးနောက်...

"အဲ့အထုပ် ကျွန်တော့်ကိုပဲပေးလ်ိုက်တော့
အန်တီမြ... ကျွန်တော်ပဲသွားပို့လိုက်မယ်..."

"ဪ အေးပါကွယ်....အဆင်ပြေတာပေါ့"

ထို့နောက် အထုပ်ကိုလက်လွှဲယူလိုက်ပြီး ကားနောက်ခန်းထဲထည့်ကာ ခြံထဲဆင်းလိုက်သည်။

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now