အခန်း - ၄၈

33.1K 2.6K 89
                                    

Unicode //

ဈာန်းတစ်ယောက် ရေချိုးပြီးပြန်ထွက်လာတော့ ကုတင်ပေါ်တွင် စောင်ကအပုံလိုက်ကလေး။

....အငယ်ကဘယ်ရောက်သွားတာလဲ....

၂စက္ကန့်လောက် အခန်းပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ပြီးနောက် ခြေလှမ်းတို့ကို တံခါးဝဆီသို့ ဦးတည်လိုက်မိသည်။ တံခါးဖွင့်ဖို့ လက်အလှမ်း....

ချလောက်!

တံခါးက ရုတ်တရက်ပွင့်လာသည်မို့ နောက်ကိုတစ်လှမ်းအမြန်ဆုတ်လိုက်ပြီး...

"အငယ်"

"ဟတ်ချိုး!!"

"ဟာ နှာချေနေတာပဲ...ကြည့်စမ်း...လာ လာ...
အခန်းပြင်ကိုဘာထွက်လုပ်တာတုန်း...ပြီးတော့လည်း လက်တ်ိုလေးနဲ့...ဖျားနေတာလား မှန်း..."

ဈာန်း၏လက်တစ်ဖက်က နှိုင်းမန်၏နဖူးလေးထက်ရောက်သွားပြီးနောက်...

"ကိုယ်တော့မပူပါဘူး...ဒါပေမဲ့ လက်ရှည်လေးတော့ ဝတ်ထား...လာ..."

ပြောပြောဆိုဆိုနှင့် လက်ကိုဆွဲခေါ်သွားကာ ကုတင်ပေါ်တွင်ထိုင်စေပြီးနောက် နှိုင်းမန်၏ အဝတ်ဗီရိုကိုဖွင့်ပြီး လက်ရှည်တစ်ထည်ကိုရှာထုတ်လာသည်။

"ဒါလေးက အရမ်းလည်းမထူဘူး...ဒါလေးပဲဝတ်ထားလိုက်နော်..."

ကြည့်လိုက်တော့ ခရမ်းနုရောင် Hoodieလေး။ ထို့နောက် Hoodieကိုဖြန့်ကာ ကိုယ်တိုင်ကိုယ်ကျဝတ်ပေးလာသူ။

နှာခေါင်းထဲတိုးဝင်လာသည့် ရေချိုးဆပ်ပြာအနံ့ကသင်းခနဲ။ အခုမှသတိထားမိတာက အဝတ်ကင်းမဲ့နေသော ခန္ဓာကိုယ်အပေါ်ပိုင်း။ အသားအရည်က မိမိလိုဖြူဖြူနုနုမဟုတ်ပဲ ကြည်စင်ပြီးဝင်းသည့်ဘက်သို့ရောက်သည်။ ကျန်းမာရေးကောင်းသော သူတစ်ယောက်၏ အသားအရည်မျိုး။

အဆီအပိုမရှိ၊ကျစ်လစ်သည့်ခန္ဓာကိုယ်ကြောင့် ကိုယ့်ကိုယ်ကိုတောင်သိမ်ငယ်ချင်လာသည်။

...ဒီရင်အုပ်ကြီးက အားကိုးချင်စရာကောင်းအောင် ဘာလို့များအဲ့လောက်ထိကျယ်နေရတာလဲ...

"အငယ်! ဟိတ်!...ကိုယ့်ကိုရှေ့ထားပြီး ဘာတွေဒီလောက်တောင်တွေးနေပြန်လဲကွာ...ဟင်?"

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now