အခန်း - ၂၃

37.5K 3.3K 79
                                    

Unicode //

နှစ်ယောက်တည်းသာရှိသည့်အခန်းထဲတွင် ထိုအသံက ခပ်တိုးတိုးပင်ဖြစ်သော်ငြား နှိုင်းမန်အတွက်တော့ ကျယ်လောင်သယောင်ခံစားရသည်။

"အငယ်....ကိုယ့်ကိုကြည့်"

ပြောပြီး မေးဖျားလေးကိုဆွဲယူကာ မျက်လုံးချင်းဆုံစေသည်။

"သူ့ဘာသာဘယ်လောက်မိုက်ရူးရဲဆန်ဆန်
ကိုယ်တို့ကို လွယ်လွယ်တော့ဒုက္ခပေးလို့မရဘူး...နားလည်လား အငယ်"

"သူက ဘာကိုမှမကြောက်တတ်ဘူး ကိုဈာန်း....
ကျေးဇူးပြုပြီး သူနဲ့ထိပ်တ်ိုက်မတွေ့ပါနဲ့....တစ်ခုခုဆို ကျွန်တော့်ကိုသတိပေးပါ"

"ကိုယ်ကရှောင်နေရင် သူကပိုလိုက်မှာပေါ့
အငယ်...တစ်ခုတော့စိတ်ချ....ကိုယ်ကတော့သွားမစဘူး....ဒါပေမဲ့ သူ့ဘက်ကလာစရင်တော့ တုံ့ပြန်ရမှာပဲအငယ်....ပြီးတော့ သူလိုချင်နေတာက မင်းလေ...ကိုယ် မင်းကိုသူ့လက်ထဲထည့်ပေးရမှာလား....ဟမ်....ပြောပါဦး.... "

" ..... "

"အငယ်....ကိုယ်မင်းကို...."

"ဟင့်အင်း....ကိုဈာန်း....
ဆက်မပြောပါနဲ့ ကျေးဇူးပြုပြီး"

"အငယ်"

"ကျွန်တော်သိတယ်....ဒါပေမဲ့....ဒါပေမဲ့....
ကျွန်တော့ကိုအချိန်တစ်ခုပေးမလား....ပေးမယ်မလားဟင်"

"အငယ်....ကိုယ်...."

"ဒီအခြေအနေနဲ့ ကျွန်တော်အဆင်သင့်မဖြစ်သေးဘူး....ဒီလိုချိန်မှာလည်း မကြားချင်သေးဘူး....ကျွန်တော်လည်း မပြောနိုင်သေးဘူး.... ကိုဈာန်းနားလည်ပေးပါ"

ပြောရင်း အသံတို့ကတုန်ယင်လာကာ မျက်နှာလေးကလည်း တစ်ဖက်စောင်းသွားသည်။

"အငယ်ရာ"

ဒီကောင်လေးရဲ့မျက်ရည်တွေကို သူခံနိုင်ရည်မရှိ။

"ကိုဈာန်းသိလား....ကျွန်တော်ဒီအခြေအနေကို မုန်းတယ်....ဘာမှအသုံးမကျတော့တဲ့သူတစ်ယောက်လိုပဲ...သူများအကူအညီမယူဘဲ ဘာမှလုပ်မရတာကိုမုန်းတယ်"

"အငယ်ရာ....ပေါက်ကရတွေ....
တော်တော့....မငိုနဲ့တော့....ကိုယ်ပြောနေတယ်နော်...အငယ်!!! တော်တော့လို့"

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now