အခန်း - ၄၃

33.4K 2.8K 233
                                    

Unicode//

The next day...

ထမင်းစားခန်းထဲကိုရောက်တော့ မျက်နှာသေနှင့်ထိုင်နေသူ၂ဦးကြောင့် ဈာန်းနှင့်နှိုင်းမန်တို့ မျက်လုံးချင်းခဏဆုံသွားကြသည်။ ထို့နောက် မသိချင်ယောင်ဆောင်ကာ ဝင်ထိုင်လိုက်ကြပြီး...

"အန်တီမြ ရွာပြန်တာပျော်ခဲ့ရဲ့လား..."

"ပျော်တယ်ရယ်လို့တော့မဟုတ်ပါဘူး သားဈာန်းရယ်...ကိုယ့်ဇာတိကိုပြန်ရောက်တော့လည်း...ဘယ်လိုပြောရမလဲ...စိတ်ထဲအေးချမ်းသလိုခံစားရတာပေါ့...အန်တီမြတို့ကအသက်ကြီးလာပြီဆိုတော့လည်း နယ်မြို့လေးတွေကိုပိုသဘောကျမိတဲ့သဘောပါပဲ...ဪ ဒါနဲ့...အန်တီမြ မနက်စာအတွက်မုန့်ဟင်းခါးချက်ထားတယ်...သားတို့အားလုံးစားတယ်မဟုတ်လား..."

"ဟာ!တကယ်လား...အန်တီမြကတော့ ပင်ပန်းခံလို့ဗျာ...ခရီးကရောက်ရောက်ချင်းကို အနားယူတာမဟုတ်ဘူး..."

"အောင်မလေး သားဈာန်းရယ်...အန်တီမြတို့လိုလူကြီးတွေဆိုတာ လှုပ်ရှားနေနိုင်မှတော်ကာကျတာ...မဟုတ်ရင်နုံးပြီး ဘာမှလုပ်ချင်စိတ်ရှိမှာမဟုတ်ဘူး..ပြီးတော့ သားဈာန်းလေး မုန့်ဟင်းခါးအရမ်းကြိုက်တာကို သတိရသွားတာနဲ့ ထလုပ်လ်ိုက်တာ..."

အန်တီမြ၏စကားအဆုံး ကျွန်တော့်ကိုစူးစမ်းသလိုကြည့်လာသော အငယ်ကြောင့်...

"ဘာလို့လဲ အငယ်...အငယ်ရော မုန့်ဟင်းခါးကြိုက်လား"

မေးလိုက်တော့ ခေါင်းခါပြလာသော ကောင်ငယ်လေး။

...အင်းပေါ့လေ...လူတစ်ကိုယ်အကြိုက်တစ်မျိုးပဲဟာ...အငယ်က သူကြိုက်တဲ့အရာမှန်သမျှကိုလိုက်ကြိုက်နေစရာမှမလိုပဲ...

ကိုယ်တို့အကြိုက်ချင်းမတူလည်း အငယ်က ကိုယ့်အငယ်ပါပဲလေ...

ဖြေတွေးလိုက်ပြီးနောက်...

"ဪ မကြိုက်ဘူးပေါ့...ဒါဆို ဘာစားချင်လဲပြော..."

မေးလိုက်သော်ငြား ကလေးငယ်က ခေါင်းခါမြဲ။ထို့နောက် ဘောင်းဘီအိတ်ထဲမှ ဖုန်းကိုနှိုက်ယူကာ စာရိုက်နေသည်။ သူတစ်ခုခုကို အကျယ်တဝင့်ရှင်းပြချင်သည့်ပုံစံမျိုးမို့ ငြိမ်၍စောင့်နေလိုက်သည်။

ကန့်လန့်ဆန်သောအချစ် Onde histórias criam vida. Descubra agora