အခန်း - ၄၇

31.8K 2.7K 78
                                    

Unicode//

နှိုင်းမန်တစ်ယောက် ဗိုက်ထဲမှရစ်ပြီးနာနေသော ဝေဒနာနှင့်အတူ အိပ်နေရာမှနိုးလာသည်။ ရင်ဘတ်ပေါ်မှ သိုင်းဖက်ထားသော လက်ကိုအသာမကာ ထဖို့ပြင်လိုက်သော်လည်း...

"အင့်!"

အတင်းပြန်ဆွဲချခံလိုက်ရခြင်းနှင့်အတူ...

"ဒီလောက် အစောကြီးထပြီးဘာလုပ်မလို့လဲကွာ..."

နားကြပ်မတပ်ထားမိသည်မို့ ဘာမှမကြားရ။ လက်ရှိအချိန်တွင် ဘာမှကြားချင်စိတ်လည်းမရှိသည်မို့ နားကြပ်ကိုလည်း လိုက်ရှာချင်စိတ်မရှိ။

သို့သော် ဆွဲချကာ အတင်းဖက်နေသူကြောင့် ဗိုက်ထဲမှအခြေအနေကပိုဆိုးလာသည်။

....ဒီလူကြီးကတော့ သေတော့မယ်....

ဗိုက်ကိုဖိထားသလိုဖြစ်နေသောလက်ကို အတင်းဖယ်ချပြီး ဝေဒနာကိုအမြန်ပြေးဖြေရှင်းဖို့ ကုတင်ပေါ်ကအဆင်း လက်ကို နောက်မှပြန်ဆွဲချတော့ ကုတင်ပေါ်အင့်ခနဲပြန်ကျသည်။စိတ်မရှည်တော့သော်ငြား ဘာမှမလုပ်ချင်တာမို့ ပြူးပြပြဲပြပြီးအခြေအနေကို ပြလိုက်တော့ မျက်လုံးမှေးစင်းစင်းနှင့်ကြည့်နေရာမှ ပြုံးလာပြီး....

"ဗိုက်ဆာနေလည်း ခဏပဲကွာ..."

နားကြပ်တပ်မထားပေမယ့် နှုတ်ခမ်း၏ရွေ့လျားမှုကြောင့် ထိုစကားကို တစ်လုံးမကျန်နားလည်လိုက်သည်မို့ ဗိုက်နာနေသည့်ကြားမှ ခေါင်းပါကိုက်ချင်သွားသည်။

အစကတည်းက စိတ်ရှည်ရှည်ထားဖို့ တွေးထားမိတာကြောင့် စာရိုက်ပြဖို့ ဖုန်းဆီလက်လှမ်းလိုက်တော့...

"ဘာလုပ်ဦးမလို့လဲကွာ...ခဏလေးငြိမ်ငြိမ်နေ..."

လှမ်းလိုက်သောလက်ကို ဆွဲဖမ်းကိုင်ကာ ချုပ်ဖက်လိုက်တော့ နာနေသည့်ဗိုက်က ဆုပ်ညှစ်ခံလိုက်ရသလိုပင်။

....ခင်ဗျားက ဘယ်တော့မှအနုနည်းသုံးလို့မရတဲ့လူပဲ....

လှဲနေသည့်အနေအထားမို့ ကန်ရင်လည်းအားမပါနိုင်၊ လက်တွေကလည်း အချုပ်ခံထားရတာမို့ ခြေချောင်းလေးတွေနှင့် ခြေသလုံးသားတွေကိုစမ်းပြီး မိမိရရလိမ်ဆွဲလိုက်တော့...

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now