အခန်း - ၃၇

33.7K 3K 41
                                    

Unicode //

သဝန်တိုနေမှန်းသိ၍ ပျော်သွားမိသော်လည်း မျက်ရည်စလေးကို မြင်လိုက်ရတော့ ရင်ထဲဆစ်ခနဲ။

"ကဲ....နှစ်ယောက်စလုံး တော်ကြတော့....
Sayyကို နားခိုင်းလိုက်တော့မယ်....
လာ Sayy ....ကိုယ့်နောက်လိုက်ခဲ့"

နှိုင်းမန်လက်ထဲက Luggageကိုဆွဲယူပြီး အပေါ်ထပ်ဆီ ဦးဆောင်သွားသူ။ ကျောပြင်ကျယ်ကိုငေးကြည့်ရင်း တိတ်ဆိတ်စွာလိုက်သွားမိသည်။

....နှစ်နှစ်လုံးလုံး တစ်ချက်မှမမေ့ခဲ့ဘူးတဲ့လား....

"လာ....မင်းနေရမှာ ဒီအခန်းပဲ.... ကိုယ်ကဟိုဘက်ခန်းမှာနေတယ်....ညဘက် တစ်ခုခုဖြစ်ရင် ခေါ်လိုက်လို့ရတယ်....Ok?"

ပြလာသည့်အခန်းကြောင့် မျက်မှောင်ကြုံ့လိုက်မိပြီး...

‘ဒီအခန်းက?’

Typeလုပ်ကာ ဖုန်းကိုထောင်ပြလိုက်တော့...

"ကိုယ့်အမျိုးသား အခန်းလေ....တစ်ခြားအခန်းလွတ်မရှိတော့ဘူး"

အဖြေကြောင့် ခေါင်းညိတ်ပြလိုက်ကာ ငြိမ်နေမိသည်။ စိတ်ထဲမှာ တစ်ခုခုကိုအလိုမကျသလိုဖြစ်နေတာမို့ မျက်မှောင်ကကြုံ့နေမှာသိသော်လည်း ထိုပုံစံအတိုင်းသာဆက်နေမိသည်။

"အထဲမဝင်ဘူးလား?"

အသံကြောင့် အခန်းထဲသို့ ခြေချလိုက်မိတော့ နွေးထွေးမှုတစ်ခုက ရင်ထဲကိုစီးဆင်းလာသလိုပင်။ နှစ်နှစ်ကျော်ဝေးကွာခဲ့သောအရာများနှင့်
ပြန်လည်ဆုံစည်းရတိုင်း ရင်ထဲမှာပျော်ရွှင်လာသလိုလို၊ တစ်ဖန် ဝမ်းနည်းလာသလိုလိုပင်။

တလှပ်လှပ်ဖြစ်လာသော ရင်ခုန်သံများနှင့်အတူ ဒူးခေါင်းက အားပြတ်သွားသလို ခွေကျချင်လာသည်။ ထို့နောက် အမြင်အာရုံတို့က ဝေဝါးသွား
ပြီး....

"ဟာ! အငယ်!"

အမြင်အာရုံသည် အမှောင်ကျသွားပြီးနောက် နွေးထွေးသောရပ်ဝန်းဆီမကျရောက်ခင် ကြားလိုက်ရသောအသံ။

....အငယ်လို့ခေါ်လိုက်တာလား ကိုကို....ဟုတ်တယ်မလား....ကျွန်တော်နားကြားမှားတာတော့ မဟုတ်ဘူးမလား....

ကန့်လန့်ဆန်သောအချစ် Donde viven las historias. Descúbrelo ahora