အခန်း - ၂၀

41.5K 3.4K 154
                                    

Unicode //

ထိုနေ့က ဈာန်းဦးခိုက်တစ်ယောက် ည၉နာရီမှအိမ်ပြန်ရောက်သည်။ အန်တီမြကို ငယ်လေးအခြေအနေမေးပြီး ပိုင်ရှင်မဲ့နေသော အခန်းထဲသို့ဝင်လိုက်မိသည်။

ပိုင်ရှင်မရှိပေမယ့် ဒီအခန်းလေးကလည်း သူ့ရင်ကို အေးချမ်းစေသည်။အဖြူရောင်မွေ့ရာပေါ်ရှိ ခေါင်းအုံးဖြူလွလွလေးပေါ်သို့ မျက်နှာကိုဖိနှစ်လိုက်တော့ အခန်းပိုင်ရှင်၏ ကိုယ်သင်းနံ့လေးက သူ့နှလုံးသားကိုနွေးထွေးစေသည်။

....ချစ်မိနေပြီ အငယ်....

ထို့နောက် အိပ်ရာဘေး စားပွဲပေါ်က ဓာတ်ပုံလေးကိုယူကြည့်မိသည်။သူ့နှလုံးသား၏အရှင်သခင်လေးသည် အနှီဓာတ်ပုံထဲတွင် ဖြူစင်စွာပြုံးရယ်နေပါသည်။

....နောက်ဆို ကိုယ်ကလွဲပြီး ဘယ်သူ့ရှေ့မှာမှ မရယ်ဖို့ပြောထားရဦးမှာပဲ....

ထို့နောက် ပိုင်ရှင်မရှိသည့်အခန်းထဲတွင်
ရင်ငွေ့လှုံဖို့သာလာခြင်းမို့ မှန်ဘောင်လေးကိုပြန်ချလိုက်ပြီး Sofaပေါ်တွင် အနားယူဖို့ပြန်လှည့်အထွက်...

ဘုတ်!

စားပွဲပေါ်က Albumကို လက်နှင့်တိုက်ချသလိုဖြစ်သွားသောကြောင့် Albumကပြုတ်ကျလာပြီး ဓာတ်ပုံလေးတစ်ပုံပါထွက်ကျလာသည်။

....ကျွတ်! အငယ်သိရင်တော့ စိတ်ဆိုးတော့မှာပဲ....

ထို့နောက် ဓာတ်ပုံလေးကို ကောက်ယူပြီးကြည့်လိုက်တော့ ကျောင်းစိမ်းဝတ်စုံလေးနှင့် အငယ်။

"အဟွန်း"

ဓာတ်ပုံလေးကိုကြည့်ကာ တစ်ယောက်တည်းအသံထွက်ပြီး ရယ်လိုက်မိသည်။

....ကိုယ်တမင်တကာကြည့်တာမဟုတ်ပါဘူး အငယ်....

ထို့နောက်တွင် ထိုဓာတ်ပုံလေးကို Album ထဲပြန်ထည့်ဖို့ဖွင့်လိုက်မိတော့ မြင်လိုက်ရသောဓာတ်ပုံများကြောင့် သူ့နှလုံးသွေးတို့ပြောင်းပြန်စီးဆင်းသွားသလိုခံစားလိုက်ရသည်။

အငယ်နှင့်တိုင်းဝဠာ ပြုံးရယ်ကာရိုက်ထားသောပုံများ။

နှစ်ယောက်စလုံး မည်မျှပျော်နေကြသည်မသိ။ပြုံးနေသောမျက်လုံးလေးများက သက်သေပြနေကြသည်။

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now