အခန်း - ၆၈

32.5K 2.4K 209
                                    

Unicode //

"ဘာ! ကိုတိုးဝေမင်းက ထွက်ပြေးတယ်"

"ဟုတ်ကဲ့ MD...အခုပဲရုံးချုပ်ကိုသတင်းပို့လာတာ...စီမံကိန်းအတွက်ငွေတွေပါသွားတယ်တဲ့.."

"ဘာ!! ငွေတွေကဘယ်လို..."

"Financeကလူနဲ့ပေါင်းကြံတာပြောတယ် MD...ကျွန်တော်တို့ဘာလုပ်မှာလဲ"

"အေး အရင်ဆုံး ဥက္ကဌကိုအကြောင်းကြားမှရမယ်...ဒါပဲ"

ထို့နောက် ရာစုဖုန်းနံပါတ်တစ်ခုကိုကောက်နှိပ်လိုက်သည်။ တစ်ဖက်မှ ဖုန်းကိုင်ကာ ဖြေလာတော့...

"Hello ပါပါး...ရန်ကုန်က ကုမ္ပဏီမှာ ပြဿနာတက်နေပြီ...အဲ့က GMက Financeကတစ်ယောက်နဲ့ပေါင်းပြီး စီမံကိန်းအတွက်ငွေတွေအားလုံးကို မသွားတယ်"

"....."

ရာစု တစ်ဖက်မှ ဖခင်ဖြစ်သူ၏ဆူပူသံများကို အထွန့်တစ်စက်မှမတက်ရဲပဲ နားထောင်နေလိုက်ရသည်။ သူ့ကို တစ်ပတ် တစ်ခါပြန်ကြည့်ခိုင်းထားတာကို သူပြန်မကြည့်မိတာ ၂လရှိသွားပြီဆိုတော့ သူ့အပြစ်လည်းမကင်း။

ထို့နောက်...

"ဟုတ်ကဲ့ ပါပါး...မနက်ဖြန် မနက် Flightမှီရင်သွားလိုက်ပါ့မယ်..."

တစ်ဖက်မှဖုန်းချသွားသည်မို့ ရာစုသက်ပြင်းရှိုက်လိုက်ကာ လေပူတွေမှုတ်ထုတ်မိသည်။ ဒီရက်ပိုင်း ဘာမှကိုအဆင်မပြေ။

ထို့နောက် အတွင်းရေးမှူးဆီဖုန်းဆက်ကာ Flight ticket orderတင်ခိုင်းလ်ိုက်ပြီး တစ်ဖက်ကိုလည်း ထွက်ပြေးသွားသော နှစ်ယောက်ကိုအမြန်ဆုံးရှာဖို့ ညွှန်ကြားရသည်။ လမ်းကြောင်းအားလုံးကိုဖြန့်ခိုင်းထားသည်မို့ အနှေးနှင့်အမြန်တော့ရှာတွေ့မည်ပင်။

...ရန်လေးရော ဘယ်လိုနေလဲမသိဘူး...

ရန်လေးအကြောင်းတွေးလိုက်မိတော့ စိတ်ထဲမကောင်း။ ပါပါးကပြတ်သားပါသည်။ သူ့ကိုလုံးဝမဆက်သွယ်ခိုင်း။ ရန်လေးက ငယ်ငယ်ကတည်းကသူ့ကိုတွယ်တာသည့်လူနည်းစုထဲမှာပါသည်။ မြန်မာပြည်ပြန်ရောက်လို့ ကိစ္စတွေရှင်းပြီးရင် ရန်လေးအခြေအနေကိုသွားကြည့်ဦးမည်။

မသွားခင် ကိုကို့ကိုတွေ့ချင်ပေမယ့်လည်းမတတ်နိုင်။ ကိုကို့ပုံစံက ဟိုနေ့ကကြည့်ရသလောက်ဆို အကုန်လုံးကိုသတိရသေးပုံတော့မပေါ်။ သို့ပေမယ့် ဟိုကောင်ကဘာပြောထားလဲတော့မသိ။ သူ့ကိုစိတ်တိုနေပုံရသည်။

ကန့်လန့်ဆန်သောအချစ် Où les histoires vivent. Découvrez maintenant