အခန်း - ၅၉

28.1K 2.4K 247
                                    

Unicode //

ပေကျင်းမြို့၌...

ခမ်းနားထည်ဝါလှသော စံအိမ်တော်ကြီးပြင်ပတွင် အပ်ကျသံပင်ကြားရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။ အတွင်းဘက်တွင်တော့….

ခွမ်း!!!(ပန်းကန်ကျကွဲသံ)

“သခင်မကြီး!!!!”

“ထွက်သွား!!!!”

“သခင်မကြီး…ဆန်ပြုတ်လေးတစ်ဇွန်းနှစ်ဇွန်းလောက်တော့ စားလိုက်ပါနော်”

“မစားဘူး…ဟိုကောင်လေးကိုပြောလိုက်…ဒီအမေကိုသေစေချင်ရင်ပြန်မလာနဲ့လို့”

“သခင်မကြီးရယ်…သခင်လေးကပြန်မလာချင်လို့ မဟုတ်လောက်ပါဘူး…မျက်နှာပူနေလို့နေမှာပါ”

“သူ့မျက်နှာကပူလို့ကိုမပြီးနိုင်သေးဘူးလား…ကျွန်မကလည်း သူ့ကိုမျက်နှာလေးပဲလာပြစေချင်ရုံပါ”

ထိုစဉ်….

“သခင်မကြီး…သခင်ကြီးပြန်လာပါပြီ”

“သူပြန်လာတာ ဘာလုပ်ရမှာလဲ”

ထို့နောက် ‘ချလောက်’ဟူသော တံခါးဖွင့်သံနှင့်အတူ…

“မင်ယွီ…”

“ဘာလဲ…ကျွန်မနေမကောင်းတာတောင် အလုပ်သွားပြီးတော့…”

“မင်ယွီ…ငါက အလုပ်လုပ်နေတာလေကွာ”

“မသိဘူး…သားရော ရှင်ရောက ကျွန်မကို သေသေရှင်ရှင်ပစ်ထားနိုင်ကြလွန်းတယ်”

ဦးသက်အောင်မင်း ပင်ပန်းဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး အခန်းထဲရှိအစေခံများကို ထွက်သွားစေကာ…

“မင်ယွီ...မင်းဘာဖြစ်ချင်နေတာလဲ”

“ကျွန်မကဘာဖြစ်ချင်ရမှာလဲ”

“မင်းတစ်နေ့တစ်နေ့ပြဿနာတွေ မရှာပဲနေလို့မရဘူးလား”

“ရှင်သူ့ကိုမမေ့နိုင်သေးဘူးမလား”

“မင်ယွီ…မင်းအဲ့အကြောင်းတွေမပြီးနိုင်တော့ဘူးလား”

“ကျွန်မပြောတာမှန်သွားလို့လား”

“ငါသူ့ကိုမေ့လို့ရစရာအကြောင်းအရင်းရောရှိလို့လား…မင်းဒီအကြောင်းတွေတော်လိုက်တော့”

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now