အခန်း - ၃၃

32.2K 2.8K 204
                                    

Unicode //

"ရန်လေး....မင်းဒီတိုင်းပဲကြည့်နေတော့မှာလား"

"ကျွန်တော်က ကြည့်မနေလို့ဘာလုပ်ရမှာလဲ"

"အဲ့လူ ငါတို့ရရမယ့်မြေကိုလုယူသွားတာများ
ပြီလေ"

"ဟား.....အဲ့ဒါကိုရာ့ကိစ္စလေ"

"ရန်လေး"

"တော်တော့ ကိုရာ....'မဟာ' ဆောက်လုပ်ရေးကို ကိုရာကိုယ်တိုင်ဦးစီးချင်ပါတယ်ဆိုလို့ ပါပါးကလွှဲပေးခိုင်းခဲ့တာ....ကျွန်တော်နဲ့မဆိုင်တော့တာကြာပြီ....ကောင်းခြင်းဆိုးခြင်းက ကိုရာ့ကိစ္စပဲ"

"ရန်လေး....မင်းကိုယ်တိုင်လည်း အဲ့ဈာန်းဆိုတဲ့လူလက်ကလွတ်အောင် မနည်းရှောင်
နေရတယ်တော့ထား....ညီအစ်ကိုချင်းပူးပေါင်းရအောင်"

"ပူးပေါင်းမယ်....ဟက်....ကိုရာ ဟာသတွေလာပြောနေတာပဲ....ဒီကိစ္စအားလုံးက ကိုရာ့ကြောင့်ဖြစ်လာတာချည်းပဲ....ကျွန်တော်ကကြားညပ်ပါလာတာလေ....ကိုရာက သူတို့ဘက်ကလူတွေရဲ့အသက်ကိုပါရန်ရှာခဲ့တာလေ....ဒီမှာ ကိုရာ....အမှောင်နဲ့အလင်းက ထိပ်တိုက်မဆုံတာအကောင်းဆုံးပဲ"

"အသက်တွေရန်ရှာခဲ့တယ်ပဲထား....သူတို့သေသွားတာမလို့လား"

"အဲ့ဒါသူတို့ကံကောင်းလို့လေ....သူတို့သာ
မလွတ်ခဲ့ရင် သေတာထက်ဆိုးတာတွေခံစားခိုင်းဦးမှာပဲမလား....သူတော်ကောင်းယောင်မ
ဆောင်ချင်စမ်းပါနဲ့....ကိုရာနဲ့မလိုက်ဘူး"

"ရန်လေး....မင်း!"

"ရိုဟန်....ကိုရာ့ကိုခြံဝထိလိုက်ပို့လိုက်"

"ဟုတ်ကဲ့"

ပြောပြီး ထွက်သွားသော ညီဖြစ်သူ၏ကျောပြင်ကို ရာစုလိုက်ကြည့်ပြီးနောက်...

"တောက်!"

________________________________

"အဲ့တော့ နှိုင်းလေးက မနက်ဖြန်ကစပြီး
SZမှာအလုပ်ဆင်းတော့မှာပေါ့ ဟုတ်လား"

"ဟုတ်တယ်"

"အလင်း....အလင်း....ငါ့ကိုဆိတ်ကြည့်ပါဦး....
ရော့ရော့...."

လက်ကိုမျက်နှာရှေ့အတင်းထိုးပေးလာသော ကူးကြောင့် အမြင်ကတ်ပုဒ်မနှင့် အားရပါးရလိမ်ဆွဲလိုက်တော့...

ကန့်လန့်ဆန်သောအချစ် Wo Geschichten leben. Entdecke jetzt