အခန်း - ၃၅

35.2K 3K 154
                                    

Unicode //

စားသောက်ပွဲကြီးကျင်းပပြီးသည့်အချိန်တွင် အများဆုံးလက်ဦးမှုရယူသွားသည့်သူသည် SZ၏ အနာဂတ် Clothing Brand Designerလေးပင်။

(A/N - ဒီအပိုင်းကစပြီး Sayyနေရာမှာ နှိုင်းမန်လို့ပဲပြန်သုံးပါမယ်နော်)

"ငါတို့ လုပ်ဖော်ကိုင်ဖက်အသစ်လေးက မိသားစုစိတ်ဓာတ်တော်တော်ရှိတာပဲ....ဟားဟား...."

ကောင်းထက်ယံစကားကြောင့် အဖြူကောင်လေးမှလွဲပြီး အကုန်ပြုံးချင်ချင်ဖြစ်နေကြသည်။
မိုက်ခ်တစ်ယောက်လည်း ထိုကောင်လေးကို
ဘယ်လိုမှနားမလည်နိုင်။

ဟုတ်သည်လေ....ပုံမှန်ဆို သူဘာပဲကျွေးကျွေး အာဟာရသိဒ္ဓိမြောက်နေတဲ့သူလို တို့ကနန်း ဆိတ်ကနန်းစားတဲ့သူက အခုကျမှ တစ်ဖြဲနှစ်ဖြဲစားနေတော့ ဘာပြောရမှန်းတောင်မသိတော့...

သို့ပေမယ့် ဘယ်သူတွေဘာပြောပြော သကောင့်သားလေးက တစ်ချက်အဖက်မလုပ်။

"ရော့....သောက်လိုက်...."

ထိုအချေကောင်လေးကို ဆေးကဒ်ကမ်းပေးလိုက်သောဈာန်းကြောင့် ထက်ယံထိုဆေးကဒ်ကိုတစ်ချက်ကြည့်လိုက်မိပြီး...

"ဈာန်း....ဒီဆေးကဒ်က... "

စကားသံမဆုံးခင်မှာပဲ စနေသား၏ခင်ပွန်းထံမှ နဂါးမျက်စောင်းရောက်လာသည်မို့ အသံတိတ်လိုက်ရသည်။

....ခွေးကောင်....မိုးရွာထဲငါ့ကိုသွားဝယ်ခိုင်းပြီး
တော့ မျက်နှာလုပ်နေတာ....သူ့ဟာလေး စားပိုးနင့်အောင်စားမယ်မှန်း သူသိပြီးသားနေမှာ....

နှိုင်းမန်လည်း တစ်ယောက်သောသူကမ်းပေးလာသည့် ဆေးကဒ်ကိုယူကာ တစ်လုံးထုတ်လိုက်သည်။ ဆေးထုတ်ပြီးသည်နှင့် ရေခွက်ကအဆင်သင့်။ မော့ကြည့်လိုက်တော့ 'သောက်လေ'ဟူသည့် သဘောနှင့် မေးဆတ်ပြလာသည်မို့ ထွေထွေထူးထူး တွေးမနေတော့ဘဲ ယူသောက်လိုက်သည်။

မိုက်ခ်တစ်ယောက်ကတော့ အံ့ဩစွာ ပြူးကြည့်နေဆဲပင်။

သူတိုက်တဲ့ဆေးတွေကိုကျ ရှုံ့မဲ့ချေးများနေပြီး ခုကျတော့ မေးလေးဆတ်ပြလိုက်တာနဲ့ သကြားလုံးစားရသလို အေးအေးလူလူ ယူသောက်လိုက်သည်က သူ့အတွက် မဟာ့မဟာထူးဆန်းမှုကြီးမဟုတ်ပါလား...

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now