အခန်း - ၄

44.3K 3.6K 206
                                    

Unicode //

ဇူလိုင်လ ၅ရက်၊ ၂၀၁၄ခုနှစ်

"သားငယ်လေး နွားနို့သောက်ဦးလေ..."

"မာမီကလည်း....ဒါကြီးပဲနေ့တိုင်းသောက်နေရတာ..."

၉တန်းကျောင်းသားလေးဟုမထင်ရလောက်အောင် ပိုးဟပ်ဖြူလေးလို ဖြူဖြူဖျော့ဖျော့လေးဖြစ်နေသော သားငယ်လေးကိုကြည့်ပြီး ဒေါ်နှောင်းမွန်ဦးသက်ပြင်းချမိသည်။ ဘယ်အစားအစာကိုမှမက်မက်စက်စက်မရှိတဲ့ကလေးမို့ အစားတစ်ခုကျွေးပြီဆိုရင် အမြဲချော့တစ်ခါ၊ခြောက်တစ်လှည့် ။

"ဘာမှဆင်ခြေမပေးပဲသောက်မယ်ဆိုရင် ငယ်လေးလိုချင်တာဝယ်ပေးမယ်....ကစားကွင်းကိုလည်းပို့ပေးမယ်..."

မာမီနှင့်ငယ်လေး၏ အခြေအနေကိုကြည့်ကာ ဈာန်း ဝင်ပြောလိုက်တော့....

" ကိုကြီးကလည်း"

"ချေးမများနဲ့....ငယ်လေး....နေ့တိုင်းပုံမှန်နွားနို့သောက်မယ်ဆိုရင် ငယ်လေးပူဆာထားတဲ့ဂိမ်းစက်ဝယ်ပေးမယ်...သောက်လိုက်နော်...လိမ်မာတယ်..."

ဂိမ်းစက်ဟူသည့်အသံကြားသည်နှင့် အခုဏချေးများနေတာဘယ်သူလဲဟု မေးရလောက်အောင် နွားနို့ခွက်ကိုချက်ချင်းဆွဲယူ၍သောက်လိုက်သော ငယ်လေးကြောင့် သားအမိနှစ်ယောက်လုံးပြုံးလိုက်မိသည်။

"ညနေကျောင်းကပြန်ရင် တစ်ခါတည်းသွားဝယ်မှာနော်...."

"ဟုတ်ပါပြီကွာ...."

စျာန်း ငယ်လေး၏ဆံပင်နုနုလေးများကို ဖွလိုက်ပြီး ကတိပေးလိုက်မိသည်။

ဒီကလေးက သူ့ရဲ့တစ်ဦးတည်းသောညီလေး...မိသားစုရဲ့အသဲညှာလေး...နောက်ပြီး...

ထို့နောက် ဈာန်း အတွေးတို့ကိုရပ်လိုက်ပြီး မနက်စာ စစားလိုက်တော့သည်။

ထိုစဥ်...

"မာမီ့...ဒယ်ဒီရော...."

ငယ်လေးက မာမီ့ကို မေးလည်းမေး၊ မျက်လုံးတို့ကလည်း ဟိုကြည့်ဒီကြည့်နှင့် ဒယ်ဒီ့ကိုရှာနေပုံရသည်။

"အစည်းအဝေးရှိတယ်ဆိုပြီး မနက်ကတည်းကထွက်သွားပြီလေ သားငယ်ရဲ့...."

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now