အခန်း - ၇၀

31.5K 2.3K 205
                                    

Unicode //

သံတိုင်တွေကိုမှီကာ ခြေဆန့်ထိုင်နေသောကောင်လေး။ လက်နှစ်ဖက်ကိုပိုက်ထားသလို မျက်လုံးအစုံကိုလည်းမှိတ်ထားပြီး နေနေပုံက သူ့အိမ်သူ့ယာလို။

ထိုသူသည် ရာစုသိမ်းပိုက်မှလွဲ၍ မည်သူရှိအံ့နည်း။

ရာစုအတွေးတို့က အတော်အတန်ပျံ့လွင့်နေသည်။ ခန္ဓာကိုယ်မှနာကျင်မှုတစ်ချို့ကလည်း အရှင်းပျောက်ကင်းသွားသည်မဟုတ်။ သို့ပေမဲ့ အနေအထားက ဒါတွေကိုဂရုစိုက်နေလို့ရသည့် အနေအထားမဟုတ်ပါ။

ရာစု မနက်ကရှေ့နေပြောသွားသည့် အကြောင်းအရာတို့ကို တွေးမိသွားတော့ နှုတ်ခမ်းတို့က မဲ့ပြုံးအသွင်ဆောင်သွားသည်။

ဘာပဲဖြစ်ဖြစ် အဆုံးထိငြင်းရမည်။ ငြင်းလို့မရသည့်အခြေအနေတွေကို ရောက်သွားခဲ့ရင်တောင်မှ မဟာGroup၏နာမည်ကို ထည့်မသုံးရ။ ထောင်ကျသွားရင်တောင် ငွေနှင့်ဖိပြီး သက်တောင့်သက်သာနေရအောင်လုပ်ပေးမည်။

ရာစု ဟက်ခနဲရယ်ချလိုက်မိသည်။ ထို့နောက် ချစ်ရသူထံအတွေးတို့ကရောက်သွားပြန်တော့ ရင်ဘတ်ထဲ ဆို့နင့်လာသည်။

....ကိုကိုသူ့ကိုမုန်းသွားလောက်ပြီထင်တယ်....

မျက်ရည်တို့က မျက်ဝန်းထောင့်တို့ဆီမှ တစ်လိမ့်ချင်းဆင်းကျလာသည်။သူမှားခဲ့တာတွေသူသိပေမယ့် နောင်တမရပါ။ နောက်တစ်ကြိမ်ရွေးချယ်ရရင်တောင် သူ ဒီလမ်းကိုသာရွေးမိလောက်မည်ထင်သည်။

တွေးကြည့်ရသလောက်ဆို ကိုကိုနှင့်သူ့ကြားမှာ အမှတ်တရကောင်းရယ်လို့သိပ်မရှိ။ ကျောင်းတက်စဉ်ကတည်းက သူ့ဘက်ကသာ ကိုကို့နောက်အမြဲတကောက်ကောက်လိုက်နေမိခြင်းဖြစ်သည်။ သို့ပေမဲ့ ကိုကို့နားမှာကလည်း သူ့လိုလူမျိုးတွေကဝိုင်းဝိုင်းလည်နေခဲ့တော့ ကိုကိုကသူ့ကိုသတိတောင်ထားမိပုံမပေါ်။

အခုတော့ ကိုကိုကသူ့ကိုမုန်းနေလောက်ပြီလေ။ ဘာပဲဖြစ်ဖြစ် သတိထားခံရပြီမလို့ကျေနပ်ပါပြီ။ မချစ်ရင်တောင် ဆန့်ကျင်ဘက်အနေနှင့် မုန်းနေပေးမည်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် သူကိုကိုနှင့်အတူတူရှိခဲ့ရပါသည်။ အတိတ်မေ့နေတာတောင် ကိုကိုကသူ့အပေါ်တော့ မပြောင်းမလဲစိမ်းကားနိုင်ခဲ့ပါသည်။

ကန့်လန့်ဆန်သောအချစ် Tahanan ng mga kuwento. Tumuklas ngayon