အခန်း - ၅၁

26.9K 2.4K 204
                                    

Unicode //

တစ်နှစ်ခွဲကြာပြီးနောက်...

တရုတ်နိုင်ငံ၊ပေကျင်းမြို့။

"ကိုကို..."

"...."

"ကိုကို!"

"...."

"ကိုကို!!!"

"Tsk! ဒီမှာ ငါအလုပ်လုပ်နေတယ် ရာစုသိမ်းပိုက်..."

"ကိုကို့...ကျွန်တော်ဖျားနေတယ်လေဗျာ..."

"ဒေါက်တာ့ပြောစကားအရ ဘာစိုးရိမ်စရာမှမရှိဘူးမဟုတ်လား... ရာစု...Plz! ငါ့ကိုခေါင်းကိုက်အောင်မလုပ်ပါနဲ့..."

"ကျွန်တော်က ကိုကို့ယောက်ျားလေဗျာ... ကျွန်တော့်ကိုလည်း ကိုကို့အချိန်တွေဖဲ့ပေးဦးပေါ့... ခုဟာက ကိုကို့အလုပ်နဲ့ ကိုကိုအမြဲရှုပ်နေတာပဲ... "

"ကျွတ်!"

ဒုန်း!!!

"ကိုကို!!!"

မိမိအား ကျောခိုင်းထွက်သွားကာ တံခါးကိုပြန်ပိတ်သွားပုံကလည်း ညင်သာမှုမရှိ။ ရာစု ပါးပြင်ထက်မှမျက်ရည်များက်ို သုတ်လိုက်ပြီး စားပွဲထက်တွင် ပြန့်ကျဲနေသော စာရွက်စာတမ်းများကို သပ်သပ်ရပ်ရပ်ပြန်စီလိုက်သည်။ ထို့နောက် စားပွဲပေါ်တွင်မှောက်ထားသော ဘောင်ခတ်ထားသည့် ဓာတ်ပုံလေးအား ပြန်ထောင်လိုက်မိသည်။ ပုံလေးကိုကြည့်ပြီး မျက်ရည်တို့က ပေါက်ခနဲ။

ဘာပဲဖြစ်ဖြစ် ကိုကိုစိတ်ရှုပ်နေလို့နေမှာပါလေ...

>>>>

Kham (ခမ်း)စိတ်ရှုပ်ရှုပ်နှင့်ထွက်လာခဲ့ပြီးမှ
ပိုက်ဆံအိတ်တစ်လုံးမှလွဲ လက်ထဲတွင် ဘာမှမပါမှန်းသတိရသွားသည်။ မော့ကြည့်လိုက်တော့ ရွာအံ့ဆဲဆဲကောင်းကင်က ခြိမ်းခြောက်လာသည်မို့ စိတ်ထဲတွင်တွေခနဲ။ သို့သော် ပြန်မလှည့်ချင်၍ ပေကာဆက်လျှောက်နေမိသည်။

ထို့နောက် Cafeတစ်ခုထဲဝင်ကာ Coffeeတစ်ခွက်မှာပြီး မှန်အပြင်ဘက်မှမြင်ကွင်းတို့အား ငေးနေမိသည်။ ဒီမှာမွေးကတည်းကနေလာသည်ဟုဆိုကြသော်ငြား ဒီမြင်ကွင်းတွေက သူ့အတွက်စိမ်းသက်နေဆဲ။ သူနှင့်ဒီနေရာက ဘယ်လိုမှမသက်ဆိုင်သလို ခံစားရတာလည်း အကြိမ်ကြိမ်။

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now