အခန်း - ၆၇

35.1K 2.6K 226
                                    

Unicode //

Yangon International Airport

လေဆိပ်ကို ခြေချလိုက်သည်နှင့် ရင်ထဲမှာ ခံစားချက်တို့ကနွေးခနဲ။ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးလိုက်မိကြသည်။

"သူတို့တွေ ရောက်နေလောက်ပြီထင်တယ်နော် ကိုကို"

"အင်း"

စိတ်လှုပ်ရှားနေဟန်တူသော ချစ်ရသူကိုကြည့်ပြီး နှိုင်းမန်တစ်ဖက်လှည့်ကာပြုံးမိသည်။

....ဒီလိုကျတော့ ကလေးကျနေတာပဲ....

ပတ်ဝန်းကျင်ကိုတစ်ချက် ဝေ့ကြည့်လိုက်တော့ အားလုံးက သူ့အလုပ်ကိုယ်စီနှင့်သူ ရှုပ်နေကြသည်။ သို့ပေမဲ့ သိကြတဲ့အတ်ိုင်း ဘယ်နေရာရောက်ရောက် နှာဘူးမလေးတစ်သိုက်က ရှိကိုရှိသည်။ လှည့်တကြည့်ကြည့်လုပ်ပြီး မိမိနှင့်ချစ်ရသူက ငမ်းနေကြပုံရသည်။

ဘေးနားကလူကြီးကိုကြည့်လိုက်တော့ ဘာကိုမှသတိထားမိပုံမရ။ လမ်းလျှောက်ခြင်းကိုသာ အရမ်းကိုအလေးအနက်ထားပြီးလျှောက်နေပုံရသည်။

"စိတ်လှုပ်ရှားနေတာလား ဘဲကြီး..."

ပြုံးစိစိနှင့်စလိုက်တော့မှ လှည့်ကြည့်လာသည်။

"လူကြီးကိုလာစနေတာလား... အင်း...စိတ်လှုပ်ရှားတယ်တော့မဟုတ်ပေမဲ့ နည်းနည်း..."

"အင်း နည်းနည်း....ဘာဖြစ်လဲ "

"နည်းနည်းတော့ စိတ်လှုပ်ရှားတယ်လို့ပြောတာကွာ...ဒီကလေးကတော့..."

လူကြ်ီးရှက်တော့ရယ်ဆိုသည့်အတိုင်း ဈာန်းက နှိုင်းမန်၏ ခဲရောင်ဆံပင်လေးများကိုအသာဖွကာ ရယ်လိုက်သည်။ နှိုင်းမန်၏ ဆံပင်အရောင်က ငွေရောင်မှာခဲရောင်လေးအနည်းငယ်ဖောက်ထားသည်မို့ ခဲရောင်မကျ ငွေရောင်မကျ။ ထို့အပြင် အသားဖြူဖြူ၊အရပ်ရှည်ရှည်လေးနှင့် ဝတ်တတ်စားတတ်လေးမို့ နှုတ်ခမ်းနီမလေးတို့ ငမ်းချင်စဖွယ်။ ရယ်လိုက်တိုင်း ပါးချိုင့်သေးသေးလေးတွေပေါ်နေသော မိမိ၏ အမျိုးသားလှလှလေးကို ဈာန်းငေးခနဲတောင်ဖြစ်သွားသည်။

"ဟဲ့ All Blackနဲ့က Semeကြီးထင်တယ်"

"နင်တို့ကလည်း ညီအစ်ကိုတွေနေမှာပါ"

ကန့်လန့်ဆန်သောအချစ် Hikayelerin yaşadığı yer. Şimdi keşfedin