အခန်း - ၁၃

35.8K 3.3K 72
                                    

Unicode //

"Boss....ဒီမှာဖိတ်စာလာပေးသွားလို့"

"ဘယ်ကလဲ"

"Mr.Timeဆိုတဲ့သူကဖိတ်ခိုင်းလိုက်တာတဲ့....Japanပြန် Architectလေ....ဟိုတစ်ခါ Japanက Designပြိုင်ပွဲတုန်းက Winner"

"ဪ....partyက ဘာအတွက်လဲ"

"Architect ဆိုမှတော့ Construction Companyတွေကို ဖိတ်တာမဆန်းပါဘူး....
မဖိတ်ရင်မှ အံ့ဩနေရဦးမယ်.... partnerခေါ်ခဲ့ရမယ်တဲ့....အဲ့မှာထူးဆန်းတာက boyဖြစ်ဖြစ် girlဖြစ်ဖြစ်ရတယ်ဆိုတဲ့သဘောပဲ....မင်းအတွက်သီးသန့်လုပ်ထားသလားတောင်ထင်ရတယ်"

"အင်း"

ကောင်းထက်ယံ ပြောတာကိုနားထောင်ရင်း
ဖိတ်စာကိုဖွင့်ကြည့်လိုက်တော့ ပုံစံကရိုးရိုးရှင်းရှင်းလေးပင်။ရက်စွဲအရတွက်ကြည့်လိုက်တော့ သဘက်ခါ။အချိန်က ည၇နာရီကနေ ည၁၁နာရီအထိ။

....အဲ့နေ့ အငယ်အားပါ့မလား....

____________________________________

အိမ်ရောက်လို့ အငယ့်ကိုရှာကြည့်တော့ မတွေ့သည်ဖို့...

"အန်တီမြ....အငယ်ရော...."

"နှိုင်းလေးက အခန်းထဲမှာမရှိဘူးလား....ခုထိလည နေ့လည်စာလာမစားသေးဘူးနော်"

"ဟင်...ခုထိမစားရသေးဘူးလား...."

"ဟုတ်တယ် မနေ့ကလည်း ညနေစာမစားဘူးလေ... ဒီရက်ပိုင်းသားနှိုင်းလေး အစားသိပ်မစားသလိုပဲ...သားတို့ဘာဖြစ်ထားကြသေးလဲ"

"ဘာမှမဖြစ်ထားပါဘူး....အခန်းထဲမှာမတွေ့လို့အန်တီမြကိုမေးကြည့်တာ....ကျွန်တော် ခြံထဲဆင်းကြည့်လိုက်ဦးမယ်"

"အင်း သားဈာန်း....ထမင်းစားဖို့ခေါ်ခဲ့လိုက်ဦး"

"ဟုတ်ကဲ့ အန်တီမြ....စားပွဲပြင်ထားလိုက်တော့"

ပြန်ရောက်ရောက်ချင်း မြင်ချင်သည့်သူကို
မမြင်ရသည်မို့ သူ့ရင်ထဲ အနည်းငယ် ပူလောင်သွားသလိုခံစားနေရသည်။

မြန်မြန်ခြံထဲဆင်းပြီး မျက်စိဝေ့ကာရှာလိုက်တော့ တွေ့လိုက်ရသောအဖြူရောင်အရိပ်ကလေးက ရင်တွင်းမှနှလုံးမီးတောက်ကို ရေကြည်အေးလောင်းကာ ငြိမ်းစေသကဲ့သို့။

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now