အခန်း - ၅၂

27.5K 2.5K 107
                                    

Unicode //

"ဟင်း...."

ကိုယ်လုံးပေါ်မှန်ထဲတွင် မြင်နေရသော ကိုယ့်ကိုယ်ကို ကြည့်ကာ သက်ပြင်းချမိသည်က အကြိမ်ကြိမ်။ ကိုယ့်ခန္ဓာကိုယ်ကိုပင် ကိုယ်မပိုင်သလို ခံစားနေရသည်။

ကိုယ့်ကိုယ်ကိုပင် မမှတ်မိသော သူ့အတွက်တော့ အတိတ်ကိုမှတ်မိလာဖို့ဆိုတာ ဟာသသဖွယ်။

ထို့နောက် အကြည့်တို့က ညာဘက်လက်မောင်းမှ အမာရွတ်လေးဆီရောက်သွားသည်။ ဒါလည်း သူ့အတွက် ပဟေဠိတစ်ခုလိုပင်။ ကြည့်နေရင်း လက်တို့က ထိုအမာရွတ်လေးဆီ ဖွဖွထိတို့မိနေသည်။ ဒါက အမြဲဖြစ်နေကျ သူ့ခန္ဓာကိုယ်၏ အလိုအလျောက်တုံ့ပြန်မှုတစ်ခု။ ထိုအမာရွတ်ကိုမြင်တိုင်း မထိတွေ့ဘဲမနေနိုင်။

ရင်ထဲမှ နွေးထွေးလာသောခံစားချက်တို့ကို မျက်လုံးမှိတ်ကာ ခံစားမိသည်။ ဒီအမာရွတ်လေးက သူ့အတွက် စိတ်ငြိမ်ဆေးတစ်ခုလိုပင်...။

ထိုစဥ်...

ဒေါက်...ဒေါက်...

"ကိုကို..."

တံခါးခေါက်သံနှင့်အတူ အသံရော လူပါတစ်ပြိုင်နက်တည်းဝင်လာသော ရာစုကြောင့် ခမ်း အင်္ကျီတစ်ထည်ကို အမြန်ဆွဲယူကာဝတ်မိသည်။ ထို့နောက် ကြယ်သီးတပ်နေသော လက်အစုံတို့ ဖယ်ချခံလိုက်ရပြီး...

"ကျွန်တော်ဝတ်ပေးမယ်..."

"....."

ခမ်း ဘာမှပြန်မတုံ့ပြန်မိ။ ထို့နောက်...

"ကျွန်တော့ကိုကိုက အချောဆုံးပဲ...ပြွတ်..."

စကားသံအဆုံး မေးဖျားထက်၌ နွေးခနဲ။ မျက်မှောင်ကြုံ့ကာ မျက်နှာကို ဆတ်ခနဲလွှဲလိုက်မိသည်။ ရာစုနှင့်သူ့အနေအထားအရ ဒီကိစ္စကိုအပြစ်ဆိုမရသော်လည်း သူတစ်စက်မှမနှစ်မြို့ပါ။

"ကိုကို ကျွန်တော့ကို အမြဲဒီလိုမျက်နှာလွှဲနေတော့မှာလား"

အသံအဆုံးတုန်ခါသွားမှုကြောင့် ရှေ့မှကောင်လေးကိုကြည့်လိုက်မိသည်။ သူ့ကြောင့် အမြဲမျက်ရည်ဝဲရသော ဤကောင်လေးအား သူအားနာမိပါသည်။

"မငိုနဲ့တော့"

မျက်ရည်တို့ကိုသုတ်ပေးလိုက်တော့ သူ့ကိုအံ့ဩသလိုကြည့်လာသည်။ထို့နောက် ခေါင်းထက်မှဆံနွယ်ပြာနုနုလေးများအား အသာဖွမိသည်။
ထိုစဉ် ရင်ဘတ်ထဲမှ စူးအောင့်လာသော နာကျင်မှုတစ်ခု။

ကန့်လန့်ဆန်သောအချစ် Tempat cerita menjadi hidup. Temukan sekarang