အခန်း - ၃၀

36.1K 3K 221
                                    

Unicode //

လအလီလီကူးပြောင်း၍ ၆လတင်းတင်း ပြည့်ခဲ့လေပြီ။  တစ်ယောက်သောသူ၏ သတင်းသည်လည်း သမုဒ္ဒရာထဲအပ်ပျောက်ရှာရသလို အစအနလေးပင်မတွေ့။ သည်လိုမတွေ့ခြင်း
သည်ကပဲ ကံကောင်းခြင်းပေလားမသိ။ တစ်ဦးတစ်ယောက်ကတော့ ထိုမျှော်လင့်ချက်ရောင်
ခြည်သေးသေးလေးကို ဖမ်းဆုပ်ထားဆဲပင်။

ဒေါက်....ဒေါက်....

အခန်းထဲမှတစ်စုံတရာ တုံ့ပြန်မှုမရှိတာကြောင့် ကောင်းထက်ယံ နောက်မှလူနှစ်ယောက်ကိုလှည့်ကြည့်လိုက်သည်။

"မြင်တဲ့အတိုင်းပဲ....ရုံးခန်းတံခါးကိုအမြဲ lockချထားတယ်....ထမင်းစားဖို့လည်းခေါ်မရဘူး....စားချင်တဲ့အချိန်မှထစားတယ်....အလုပ်တွေမှန်သမျှလည်း ငါ့ကိုပဲထိုးအပ်ထားတယ်....မင်းတို့ဝိုင်းပြောကြဦး"

ထိုစကားကြောင့် ပြည့်သျှင်နှင့်မာန်လေးမျက်လုံးချင်းဆုံသွားသည်။ ထို့နောက် မာန်လေးက တံခါးနားသွားလိုက်ပြီး....

"ကိုကြီး..."

အထဲမှ ဘာမှတုံ့ပြန်မလာ။ ထို့စဉ် ပြည့်သျှင်က မာန်လေး၏နားနားကပ်ကာ တိုးတိုးလေးကပ်ပြောလိုက်သည်။ ထို့နောက်....

"အား! ကိုကြီးရေ....ကယ်ပါဦး....သားကို...."

အော်သံမဆုံးခင် တံခါးက ချောက်ခနဲပွင့်လာသည်။ ပွင့်လာလာချင်း ပြည့်သျှင်က အလင်းလိုအဟုန်ဖြင့် ဈာန်းကိုတိုးတိုက်ကာ အခန်းထဲလှစ်ခနဲဝင်သွားတော့သည်။

ထိုအခါမှ သူတို့အကွက်ကိုသဘောပေါက်သွားသောကြောင့် ဈာန်းမျက်မှောင်ကြုတ်ကာ စားပွဲဆီသို့ပြန်လျှောက်သွားပြီး ပြန်ထိုင်နေလိုက်သည်။

"ဈာန်း....မင်းဒီလိုပဲလုပ်နေတော့မှာလား...."

"....."

"မင်း ဒီလိုဖြစ်နေတာမြင်ရင် ခေါင်းဖြူလေးက စိတ်ချမ်းသာနိုင်ပါ့မလား"

"....."

ထိုစကားနောက်တွင် mouseကိုကိုင်ထားသောလက်အစုံသည် ရပ်တန့်သွားလေသည်။ ထို့နောက် တည်တင်းသောမျက်နှာထားသည် အံ့ကြိတ်လိုက်မှုကြောင့် ပါးရိုးများပ်ိုမိုကာတင်းသွားပြ်ီး မျက်လုံးများ၏အေးစက်သွားမှုက ကြက်သီးထစဖွယ်။တစ်ဖန် မျက်ဝန်းအစုံက Laptop screenပေါ်ပြန်ရောက်သွားပြန်သည်။

ကန့်လန့်ဆန်သောအချစ် Donde viven las historias. Descúbrelo ahora