Unicode//
"Morning Boss...
ဟာ....ကားရှေ့ပိုင်းကဘာဖြစ်လာတာလဲ
Accidentဖြစ်လာတာလား"ကားရပ်လိုက်သည်နှင့် သူ့အတွင်းရေးမှူးဖြစ်သော ကောင်းထက်ယံဆီမှ မေးခွန်းများကိုစကြားရသည်မို့...
"မတော်တဆပါကွာ...ဒါနဲ့...စာချုပ်ချုပ်မဲ့သူတွေရောက်နေပြီလား"
"ရောက်နေပြီ Boss...
Meeting Roomထဲမှာစောင့်နေကြတယ်""Ok သွားစို့"
ထို့နောက်တွင်တော့...
"တွေ့ရတာဝမ်းသာပါတယ် ဦးဈာန်းဦးခိုက်"
Meeting Roomထဲရောက်သည်နှင့်နှုတ်ဆက်လာသော ရင်းနှီးသည့်အသံလွင်လွင်လေးကြောင့်အံ့ဩစွာကြည့်လိုက်မိသည်။သွားထပ်လေးများပေါ်အောင်ပြုံးပြရင်း လက်ကမ်းလာသည့်မိန်းကလေး။
"ယာယာ...."
ဟုတ်သည်။ ကိုယ့်မျက်စိရှေ့မှာပဲကြီးပြင်းလာသည့် ကလေးမလေး သံသာယာ။ အနှီမိန်းမငယ်လေးကိုမြင်လိုက်တော့မှ အချိန်တွေကုန်တာ အရမ်းမြန်မှန်းသတိပြုမိလိုက်သည်။
"ကိုကို...ယာယာလက်ရှက်လာပြီနော်"
တွေးနေမိတုန်း ထွက်ပေါ်လာသောအသံကြောင့် ပစ္စုန်ပ္ပန်ကာလကို ပြန်သတိကပ်လိုက်ရသည်။ ကြည့်လိုက်တော့ ရှေ့မှအမျိုးသမီးငယ်လေး၏မျက်နှာက အနည်းငယ်ပင်စူပုပ်နေသယောင်။ ထို့ကြောင့်...
"Long time no see Yar Yar...
ငါ့ညီမလေးတောင် တော်တော်အရွယ်ရောက်လာပြီပဲ"ပြောလိုက်ရင်း ကမ်းပေးထားသည့်လက်ကို ဆွဲကာနှုတ်ဆက်လိုက်တော့ သူမလေးမျက်နှာကပြန်ပြုံးလာသည်။ လုပ်ငန်းခွင်စဝင်ကာစမို့ ထိုအမျိုးသမီးလေး၏ မျက်နှာထက်၌ မည်သည့်စိုးရိမ်ပူပန်မှုမျှမရှိ။
ထို့နောက် သူတို့အားလုံးထိုင်လိုက်ကြပြီး ဆွေးနွေးစရာရှိသည်များကိုဆွေးနွေးကာ ရှေ့နေများ၏ရှေ့တွင် သဘောတူပူးပေါင်းသည့်စာချုပ်ကို လက်မှတ်ထိုးလိုက်ကြသည်။
အခန်းထဲမှ လူများအားလုံးထွက်သွားတော့မှ သူထိုင်နေကျနေရာတွင်ဝင်ထိုင်လိုက်ပြီးနောက် ကုလားထိုင်နောက်မှီအား ကျောမှီချလိုက်ကာ ခေါင်းကိုမော့လှန်လိုက်ပြီး မျက်လုံးအစုံကိုပိတ်ချကာ ခဏအနားယူလိုက်သည်။
YOU ARE READING
ကန့်လန့်ဆန်သောအချစ်
RomanceCredit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ်သူအဟောင်းတွေအတွက်ပြန်တင်ပေးတာမို့ အသစ်တွေအနေနဲ့ သေချာစဉ်းစားပြီးမှဖတ်ကြပါ၊ ကျွန်မကိုယ်တိုင်တောင်မှ...