အခန်း - ၆၄

31.1K 2.5K 216
                                    

Unicode //

"ကိုကိုနိုးတာကြာပြီလား"

အိပ်ချင်မူးတူးအသံလေးနှင့်မေးလာသော ကြောင်စုတ်ဖွားလေး။ ညကစောစောအိပ်ပျော်သွားတော့ မနက်စောစောနိုးလာပုံရသည်။ ဈာန်း MacBookကို ပိတ်လိုက်ကာ စားပွဲပေါ်တင်လိုက်ပြီး ခပ်လျှောလျှောမှီနေရာမှ လှဲချလိုက်တော့ ရင်ခွင်ထဲအလိုက်သင့်တိုးဝင်လာသည်။ အငယ်က အရင်ကလိုမဟုတ်ဘဲ သူ့ကိုပိုပိုကပ်လာသည်မို့ သူတော်တော်လေး သဘောကျရပါသည်။

"သိပ်မကြာသေးပါဘူး...ထက်ယံနဲ့ ကိုမိုက်ခ်ပို့လိုက်တဲ့ Mailတွေကိုစစ်နေတာ..."

"အင်း ဘာတွေလဲ"

"မဟာ Groupဘက်က တရားမဝင်လုပ်ငန်းတွေအကြောင်း..."

"ဟင်! ကိုကိုဘာလုပ်မလို့လဲ"

"အင်း က်ိုယ်ဒီလိုတွေမဖြစ်ခင်ကတည်းက သူတို့ဘက်ကအပြိုင်အဆိုင်တွေ၊အဖျက်တွေလုပ်တာမလို့ အဲ့ဒါတွေစုံစမ်းခိုင်းထားပြီးသား...ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဘာမှဖွင့်မချဘဲ ထားထားတာ... ဒါပေမဲ့ သူတို့က ကိုယ်တို့ရဲ့သက်ညှာပေးမှုနဲ့ မတန်ဘူးပဲ"

နောက်ဆုံးတစ်ခွန်းတွင် ဈာန်း၏အသံက ပုံမှန်ထက်မာကြောနေမှန်း နှိုင်းမန်သတိထားမိသည်။ နှိုင်းမန်သည်လည်း ဈာန်းနှင့်ထပ်တူပင်ဖြစ်သည်။ ကိုယ်နှင့် ကိုယ့်ချစ်ရသူကို တောက်လျှောက် သေရွာမရောက်ရုံတမယ်ဒုက္ခတွေပေးခဲ့တာကို ဘယ်လိုမှခွင့်လွှတ်ပေးလို့မရ။

သူ့ဘာသာ 'ချစ်တာ'ကိုနားလည်ပေးနိုင်ပေမယ့် ချစ်လို့ပါဆိုပြီး အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်တွေလုပ်တာကိုတော့ နည်းနည်းမှ နားလည်မပေးနိုင်ပါ။ ကိုယ့်ချစ်ရသူက အတိတ်မေ့ရုံမလို့သာတော်တော့သည်။ ဦးနှောက်သွေးခဲသွားတာတို့ဘာတို့ဆို သူပဲရင်ကျိုးရမှာ။ ဒါမျိုးတွေက မဖြစ်လို့သာမဖြစ်တာ၊ ဖြစ်ဖို့ကတော့ အရမ်းနီးစပ်လွန်းသည်။

ချစ်ရသူကို အန္တရာယ်ရှိအောင်လုပ်၊ နှစ်နဲ့ချီပြီးခွဲထား၊ သူ့ကိုတော့ သေသေရှင်ရှင်အမျိုးမျိုးအန္တရာယ်ပေးခဲ့တဲ့ကောင်ကို အခု ဘာမှမဖြစ်တော့တာမလို့ဆိုပြီး ခွင့်လွှတ် ပေးလိုက်ရအောင် ရုပ်ရှင်ရိုက်နေတာမှမဟုတ်ဘဲ။ မျက်လုံး မျက်လုံးချင်း၊ လက် လက်ချင်းပင်။ ကိုယ်တွေထိခိုက်ခံစားရသမျှကို ဆတူပြန်ခံစားစေရမည်။

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now