ရှဲ့စန်း လှည့်ပြီး ပြောလိုက်တယ် "တောင်းပန်ပါတယ်၊ ငါလွှတ်ပေးပါ့မယ်"။ ပြောပြီးမကြာခင်မှာဘဲ သူ့မျက်နှာက တစ်ဖက်လူရဲ့ ကျောကို သွားဖိမိနေတယ်။ သူတို့အချင်းချင်း ထိမိတဲ့အချိန်မှာ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်က အားကောင်းပြီး ကာကွယ်မှု၊ သတိအပြည့်နဲ့ဖြစ်နေတယ် ။
ရှဲ့စန်း ပင်ပန်းမှုတွေက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လာတယ်။ ရှုပ်ထွေးစွာနဲ့ မျက်လုံးမှေးကြည့်လိုက်တယ်။ ဘာဖြစ်သွားတာလဲ!!! သူ့လှုပ်ရှားမှုတွေကို သူမထိန်းချုပ်နိုင်ခဲ့ဘူး။
တကယ်လို့ သူသာ မိန်းမကြီး ဖြစ်မယ်ဆိုရင် မကောင်းဆိုးဝါး ဝင်ပူးသွားတဲ့အတိုင်းပဲ။
မဟုတ်သေးပါဘူး ဒီကမ္ဘာမှာ မိန်းမမရှိဘူး။ပြီးတော့ ဒီလူက အထီးလား အမလား သူမသိဘူး။
သူ့အရပ်က 190 cmရှည်တာကိုကြည့်ရင် သူက အထီးဖြစ်နိုင်တယ်။မိုင်နဲ သူ့ရဲ့ကျဥ်းမြောင်းတဲ့ ဖီးနစ်မျက်လုံးနဲ့ အရေးမပါသလို ကြည့်လိုက်တယ်။ သူ့နှုတ်ခမ်းထောင့်လေး ကော့တက်သွားပေမယ့် သူ့မျက်လုံးတွေကတော့ မနှစ်မြို့သလို ဖြစ်နေတယ်။သူ့ခါးမှာ ဖက်ထားတဲ့ ရှဲ့စန်းရဲ့ လက်ကိုယူ တစ်ဝက်လှည့်ပြီး လက်ပြန်လိမ်ပေး လိုက်တယ်။
"အာ့!!!" နာလာတဲ့အတွက် ရှဲ့စန်း အော်မိသွားတယ်။ နာကျင်စွာ အော်တာရပ်သွားတာနဲ့ရှဲ့စန်း မေ့လဲသွားတယ်။ ခန္ဓာကိုယ်က ညင်သာစွာ လဲကျသွားတယ်။ မေ့မလဲခင် အလွန်ကြည့်ကောင်းတဲ့ မျက်နှာကို သူတွေ့လိုက်တယ်။
မိုင်နဲ မျက်ခုံးကြုပ်သွားတယ်။ သူရှဲ့စန်းက ဘယ်သူဆိုတာကို မြင်ပြီးတဲ့နောက်မှာ အံ့သြမှုတွေ သူ့မျက်လုံးထဲမှာပေါ်လာခဲ့တယ်။ ရှဲ့စန်းမြေကြီးပေါ်မကျခင် သူ သူ့ကိုလှမ်းထိန်းပေးခဲ့တယ်။
" မင်းက အထီးမဟုတ်ဘူးလား။အမ တစ်ယောက်ကို ဘာလို့ ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာလဲ။ " အလုပ်ဆင်းပြီး ဘေးကဖြတ်သွားတဲ့ လူတွေက မနေနိုင်ဘဲ ဝင်ပြောမိတယ်။ သူတို့က ရှဲ့စန်းမေ့လဲသွားတာကို မြင်လိုက်ကြတယ်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...