Chapter 29.3 : ပြိုင်ပွဲ
"အဲလိုလည်း မဟုတ်ဘူး။ ငါ့မှာ မေးစရာတွေရှိပြီး အဖြေတွေ လိုအပ်နေမှပဲ ကြည့်လေ့ရှိတာ”
ရှဲ့စန်း ဖိုရမ်ရှိ အဖြေများကို တွေးပြီး မပြုံးဘဲ မနေနိုင်င်ခဲ့ပေ။
“မင်းတို့ကို အသန်မာဆုံး အဖွဲ့လို့ အသိအမှတ် ပြုထားပေမယ့် မင်းကို အဖွဲ့လိုက်ပြိုင်ဖို့ မဖြစ်နိုင်ဘူးလို့ အားလုံးက ထင်နေကြတယ်။ မင်းအဖွဲ့လိုက်ပြိုင်မယ် ဆိုတာကို သူတို့ သိသွားရင် ဘယ်လိုတုန့်ပြန်မလဲ ငါတကယ် သိချင်တယ်”
“မနက်ဖြန် တွေ့ရင် သိရလိမ့်မယ် " ဟု မိုင်နဲက ပြောလာသည်။
"မနက်ဖြန် အသင်းစာရင်း ပိတ်သွားပြီးရင် အသင်းဝင် အားလုံးရဲ့ စာရင်းကို ကြေငြာပေးလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ပေးရမယ့် ဆုတွေကိုတော့ စာရင်းတွေ အတိုင်းပဲ ပေးသွားလိမ့်မယ် "
သူပြန်ဖြေပြီးတဲ့ နောက်မှာ ရှဲ့စန်း ကိုကြည့်လိုက်သည်။
“ငါတို့အဖွဲ့မဖွဲ့ရတဲ့ အကြောင်းရင်းတွေကို သူတို့က စာရင်းပြုစုထားတယ်။ အဲဒါကို မင်းမြင်တယ် မဟုတ်လား"
ရှဲ့စန်း သည် မိုင်နဲ နှင့် ပတ်သက်သော စကားကို တွေးလိုက်မိသည်။ သူ ပြုံးလိုက်ပြီး သူ့ကို ကြည့်ကာ ရိုးသားသော လေသံဖြင့်
"မင်း ဂရုစိုက်စရာ မလိုပါဘူး။ လူတွေက ကိုယ့်ဘဝကိုယ် ရွေးလို့မရဘူး။ သူတို့က မင်းနဲ့ ဘာမှမဆိုင်ဘူး။”
သူက ရယ်ပြီး လက်ဟန်ခြေဟန်နဲ့
“သူတို့က မင်းရဲ့ အကြောင်းကို မသိဘူး။ မင်းက တော်တယ်၊ ငါ သိတဲ့လူတွေထက် ပိုကောင်းတယ်။ ရုပ်ရည်ချောမောတယ်၊ အတိုက်အခိုက်မှာ တော်တယ်၊ ငွေရှာကောင်းတယ်၊ အစီအစဉ်တကျ လုပ်တတ်ပြီး အရမ်း သဘောကောင်းတယ်!”
မိုင်နဲ က သူ့ကို စက္ကန့်ဝက်လောက် စိုက်ကြည့်ရင်း ပေါ့ပေါ့ပါးပါး ရယ်မောပြီး တိုးတိုးလေး ပြောလာသည်။
“မင်း အမြဲတမ်း အဲဒီလို တွေးနေဖို့ ငါမျှော်လင့်တယ်”
ရှဲ့စန်း မျက်တောင် ခတ်လိုက်ပြီး
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...