Chapter 30 : ထွက်ခွာခြင်း
မိုင်နဲ က လောင်ထန်း ကိုကြည့်ပြီး “မင်း ကတိပေးထားတာကို မမေ့နဲ့” လို့ သတိပေးလိုက်သည်။
လောင်ထန်း က နှုတ်ခမ်းစူပြီး သူ့ရဲ့ ပါးတွေကို ဖောင်းလိုက်သည်။
"ငါသိတယ် ၊မင်းပြောတဲ့ ဘယ်သူ့ကို ဖြစ်ဖြစ် ငါရိုက်ပေးမယ်၊ ဟုတ်ပြီလား? ၊ မင်းကို အနိုင်ကျင့်ခွင့် ဘယ်သူ့ကိုမှ မပေးဘူး ဟုတ်တယ်၊မဟုတ်လား?"
မိုင်နဲ အကြည့်တွေ ပြောင်းသွားသည်။
"သေချာပေါက် မပေးဘူးပေါ့"
ကွင်းပြင်တွင် ဆိုက်ကပ်ထားသော လှေကားကြီးငါးခုသည် ၎င်းတို့၏ ရှေ့နှင့်နောက်တံခါးများကို တပြိုင်နက်တည်း ဖွင့်ပေးလာသည်။ ပါဝင်သူများသည် တံခါးများဆီသို့ ပြေးလာကြပြီး အချို့မှာ အစီအစဥ် အတွက် ရှေ့နှင့်နောက် ငြင်းခုံနေကြသည်။
ပိုင်ကျောင်း က သူတို့ကို သတိပေးလာသည်။
“အရင်ဆုံး လွန်းပျံယာဉ်ပေါ် တက်လိုက်ပါ” ဟု နှုတ်ခမ်းပေါ်မှ ပေါ့ပါးသော အပြုံးဖြင့် ပြောလိုက်သည်။
ပိုပျော့ပြောင်းတဲ့လေသံနဲ့ သူက "ငါတို့လမ်းကို ရောက်လာမယ့်လူကို ငါ တကယ် မျှော်လင့်နေတယ်"
ရှဲ့စန်း က အနည်းငယ် စိုးရိမ်နေသေးသော်လည်း လောင်ထန်း၏ စိတ်လှုပ်ရှားနေသောအမူအရာနှင့် မိုင်နဲ နဲ့ ပိုင်ကျောင်း တို့၏ တည်ငြိမ်နေသော မျက်နှာများ ကို မြင်ပြီး ရုတ်တရက် စိတ်သက်သာရာ ရသွားသည်။ လွန်းပျံယာဉ်ဆီသို့ သူ့အသင်းဖော်များနောက် လိုက်သွားကာ ပိုင်ကျောင်း ကို
“မင်း ဘာကို မျှော်လင့်နေတာလဲ” လို့ မေးလိုက်သည်။
ပိုင်ကျောင်း ၏ မျက်ခုံးအနည်းငယ် ပင့်တက်သွားသည်။ သူ က ပေါ့ပေါ့ပါးပါး ပြုံးပြရင်း သူ့လက်ညှိုးသည် ရှည်လျားသောဆံပင်ကို ကောက်ကွေးကာ လိမ်လိုက်သည်။
“ဆေးတွေ အများကြီးလုပ်ထားပေမယ့် စမ်းသပ်မှု လုပ်ဖို့ သင့်တော်တဲ့အရာကို ရှာမတွေ့သေးဘူးလေ။ တစ်စုံတစ်ယောက် က အကျိုးသက်ရောက်မှု စမ်းသပ်ဖို့ အစမ်းသပ်ခံလေး လုပ်ပေးခဲ့မယ် ဆိုရင်၊ အရမ်း ကောင်းတာပေါ့”
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...