Chapter 71 : ဖမ်းဆီးခြင်း
ရှဲ့စန်း ခဏလောက် တိတ်ဆိတ်သွားပြီးနောက် မီယာ ကို အိမ်ထဲသို့ ဝင်ခွင့်ပြုရန် တံခါးကို ဖွင့်လိုက်သည်။ နှစ်ယောက်သား ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။ ထွမ်းထွမ်း က ရှဲ့စန်းရဲ့ ပုခုံးပေါ်သို့ ရောက်သွားပြီး သူ့ဘေးနား က တစ်ဖက်လူစိမ်းကို လှမ်းကြည့်လိုက်သည်။
ရှဲ့စန်းရဲ့ စိတ်က ပြေးလွှားနေပြီး ဘာလုပ်ရမလဲ ဆိုတာကို တွေးတောနေသော်လည်း အဲ့ဒါကို ပို၍ တွေးလေလေ ပိုဆိုးလေ ဖြစ်သည်။ မဖျက်ဆီးနိုင်ခဲ့ရင်၊ ဆိုရီယာ က မိုင်နဲ ကို မစွပ်စွဲနိုင်စရာ အကြောင်း မရှိပေ။ ဆိုရီယာ က မိုင်နဲကို ဘယ်လောက်တောင် မုန်းတီးလဲ ဆိုတာကို သူ ကောင်းစွာ သိသည်။
နှုတ်ခမ်းလေး အပေါ်သို့ ကော့တက်ကာ ယဉ်ကျေးစွာ ပြုံးနေသည်။
"ဒုတိယ ဗိုလ်ချုပ်ကြီးကော့စ်၊ ခင်ဗျား နားလည်မှု လွဲနေတယ် ထင်တယ်။ မိုင်နဲ နဲ့ ဂျူလော့စ် ကြား ဖြစ်ပျက်ခဲ့တာ အတွက် ကိုယ်ချင်းစာပါတယ်။ လူသတ်သမား ကို ရှာလိုတဲ့ ခင်ဗျားရဲ့ ဆန္ဒကို ငါတို့ နားလည်ပါတယ်၊ ဒါပေမယ့် ဒါက မိုင်နဲ နဲ့ ဘာမှမဆိုင်ဘူး”
“မင်းက မိုင်နဲ လို ဉာဏ်နီဉာဏ်နက် များတာပဲ”
မီယာ က လှောင်ပြောင်တဲ့ အကြည့်ဖြင့် ပြောလိုက်သည်။
“အမှန်တရားကို မတွေ့မချင်း မင်း ယုံမှာ မဟုတ်ဘူး”
ရှဲ့စန်း က "ဟုတ်တယ်၊ ငါ မယုံဘူး။ တကယ်လို့ စောင့်ကြည့်မှု ရှိခဲ့ရင်၊ ခင်ဗျားရဲ့ ဇနီးသည် က လက်တုံ့ပြန်တဲ့နည်းလမ်းတွေ ကို အရူးအမူး လုပ်မယ့်အစား လွန်ခဲ့တဲ့ ရက်တွေ ကတည်းက ဖော်ထုတ်ခဲ့မယ် လို့ ထင်တယ်”
မီယာရဲ့ မျက်နှာ ပျက်သွားသည်။ ရှဲ့စန်းရဲ့ ဆိုရီယာ အကြောင်း ပြောခြင်း က မနှစ်မြို့ဖွယ် အမှတ်တရတွေကို ပြန်လည် ရရှိစေသည်မှာ ထင်ရှားသည်။ သူက ရှဲ့စန်းကို ခက်ခက်ခဲခဲ ကြည့်လိုက်သည်။
"အဲဒါ Thor က ပျက်စီးသွားတဲ့ မှတ်တမ်း ကို လျှို့ဝှက်ပြီး လွှဲပြောင်းပေးခဲ့တာကိုတောင် သိဖို့ မိုက်မဲလွန်းတာကြောင့်လေ"
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...