Chapter 98: ဂြိုလ်သား သားရဲတွေ
ရှဲ့စန်း လင်းယုန်ငှက်ကို မြင်လိုက်ရတော့ ဒေါသထွက်ကာ ဝမ်းနည်းသွားသည်။ သူ သားရဲရဲ့ လည်ပင်းတစ်ဖက်ကို ထိရန် ပြေးသွားလိုက်သည်။ နှုတ်သီးပွင့်လာတာ ကို မြင်တော့
{ "ဘာမှ မပြောနဲ့။ ငါ မင်းကို ကုသပေးဖို့တစ်ယောက်ယောက် ကို ခေါ်လိုက်မယ်"}
လင်းယုန်ငှက်ရဲ့ အခြေအနေ က အရမ်း ဆိုးရွားနေပုံရတာကြောင့် သူ မနှောင့်နှေးဝံ့ပေ။ စွင်းမောင်း ထံ အမြန်ဆက်သွယ်ခဲ့သည်။
"ကျွန်တော့်ဆီ ကို အကောင်းဆုံး ဆရာဝန်တွေ ပို့ပေးပါ။ ရနိုင်သမျှ အကုန် လိုချင်တယ်။ အိမ်ကိုလာ မြန်မြန်လာခဲ့ပေး!"
စွင်းမောင်း က သူ့ရဲ့ တုန်တုန်ယင်ယင် အသံကို ကြားလိုက်ရသည်။ "ဘာဖြစ်တာလဲ?" Liveကို ဖွင့်ရင်း မေးလိုက်သည်။ လင်းယုန်ငှက် အခြေအနေ ကို မြင်လိုက်ရတော့ သူ့အမူအရာ က ချက်ချင်း ပြောင်းသွားသည်။
"မင်း စိတ်အေးအေးထား၊ ငါ တယောက်ယောက် ကို ချက်ချင်း ပို့ပေးလိုက်မယ်"
လင်းယုန်ငှက်ရဲ့ ထိခိုက်မှု က ပေါ့သေးသေး မဟုတ်ပေ။ မိုင်နဲ က ထုံးစံအတိုင်း programတွေ ရေးဆွဲနေချိန် အခန်းထဲမှာ liveကို ဖွင့်ထားခဲ့သည်။ လင်းယုန်အော်သံကို ကြားတော့ ဖန်သားပြင်ကို မော့ကြည့်လိုက်သည်။ ရှဲ့စန်းရဲ့ နဖူးပေါ် က သွေးတွေ ကို မြင်လိုက်ရပြီး တုန်လှုပ်သွားကာ အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည်။
ရှဲ့စန်း စွင်းမောင်းနဲ့ ဆက်သွယ်ပြီးချိန်မှာ မိုင်နဲ က ပွေ့ဖက်ပြီး ခေါင်းမှ သွေးတွေကို သုတ်ကာ "စိတ်အေးအေးထား" ဟု ပြောခဲ့သည်။
ရှဲ့စန်း အသက် ပြင်းပြင်းရှူပြီး လင်းယုန်ငှက် ကို ကယ်တင်နိုင်တဲ့ လူတွေအားလုံး ကို တွေးကြည့်လိုက်သည်။
"မုလင်း နဲ့ အားကျောင်း၊ အားကျောင်း က လင်းယုန်ငှက် ကို ပိုသိတယ်။ သူတို့ကို အကူအညီတောင်းပါ"
ဆက်နွယ်သားရဲတွေ က ဒဏ်ရာနေချိန် အရမ်း ခုခံကာကွယ်ကြပြီး သူတို့ကို သိတဲ့သူနဲ့သာ ဆက်ဆံရ လွယ်ကူသည်။ မုလင်း က ဆက်နွယ်သားရဲ သုတေသီတစ်ဦးဖြစ်ကာ သားရဲတွေ ကို သေသေချာချာ သိပြီး သူတို့ကို သက်တောင့်သက်သာ ဖြစ်စေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာကို နားလည်သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...