Chapter 60 : အကုန်လုံး ရှုံးသွားတယ်
ရှဲ့စန်း ပရိသတ်တွေ ကို ဇုန်4-5 သို့ ဦးဆောင်ပြီး ခေါ်သွားခဲ့သည်။ ဆက်နွယ်သားရဲတွေ က သူတို့ဆီ အသည်းအသန် ပြေးလာသဖြင့် liveကြည့်နေတဲ့သူတွေ အံ့အားသင့်သွားကြသည်။
ပရိတ်သတ်တွေ က ထိတ်လန့်စွာ ကြည့်ရှုနေချိန် ဆက်နွယ်သားရဲတွေ အားလုံး က ရှဲ့စန်းနဲ့ ၂မီတာအကွာတွင် ရုတ်ခြည်း ရပ်တန့်သွားသည်။ သူတို့ရဲ့ အော်ရာတွေ ထွက်လာပြီး ချက်ချင်း အနောက် ပြန်ဆုတ်သွားကာ အချင်းချင်း အော်ဟစ် ပြောဆိုနေကြသည်။
[ဒါက သပ်ရပ်လွန်းတယ် မဟုတ်ဘူးလား? သူတို့က လူတွေကို တမင် ကြောက်အောင် လုပ်နေတာလို့ ငါ သံသယဖြစ်မိတယ်!]
[တင်ဆက်သူ က အရမ်း တော်တာပဲ၊ သဘာဝအတိုင်း သက်သက်သာသာနဲ့ အဲဒီမှာ ရပ်နေတယ်၊ အားး!]
[ငါ သူငယ်တန်း က အတန်းပိုင် ဆရာ တစ်ယောက်လို ခံစားနေရတယ်။ ဆရာ ရောက်လာရင် ဆိုးတဲ့ကလေးတွေတောင် ငြိမ်သွားလိမ့်မယ်]
ဧရာမ ကျားကြီး က ကလေးကဲ့သို့ ဆက်ဆံခံနေရသည် ကို သတိမထားမိဘဲ ပါးစပ်ကြီးဖွင့်ကာ *ချောင်ရှောင်းထံသို့ ဟိန်းဟောက်လိုက်သည်။ ပြောရမယ်ဆိုရင် ချောင်ရှောင်း ကို အခုထိ မှတ်မိနေသေးသည်။ တောထဲမှာ၊ ချောင်ရှောင်းနဲ့ ဆက်နွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပေ။
(*T/N : eng translator က အခု အပိုင်းမှာ ချောင်ရှောင်း လို့ ရေးထားပါတယ်၊ အရင် အပိုင်းတစ်ခုမှာ ချောင် သခင်လေး လို့ ရေးဖူးတယ်ဆိုတော့ ကိုယ်ထင်တာတော့ ချီရှောင်း မဟုတ်ဘဲ ချောင်ရှောင်း က အမှန် ဖြစ်မယ်ထင်တယ်)ဟိန်းဟောက်ပြီးနောက် ဧရာမ ကျားကြီး က သူ့ရဲ့ခြေထောက် ကို မြှောက်ကာ ရှဲ့စန်းဆီ ဆန့်လိုက်သည်။
ရှဲ့စန်းရဲ့ လက်က သူ့ရဲ့ ခြေဖဝါးကို ညင်သာစွာ ထိလိုက်ပြီးနောက် ဧရာမ ကျားကြီးရဲ့ အသံက သူ့စိတ်ထဲတွင် ပေါ်လာသည်။
{"လူနှစ်ယောက်က လွဲရင် ကျန်တဲလူတွေ က မဆိုးဘူး"}
ရှဲ့စန်း က အနောက်ကို ပြန်ကြည့်ရင်း သူပြောနေတဲ့ လူနှစ်ယောက်ကို ချက်ချင်း သဘောပေါက်သွားပြီး
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...