Chapter 104 :ဖော်ထုတ်ခြင်း
အင်တာနက် သုံးစွဲသူတွေ က ဗီဒီယိုတွေ လျင်မြန်စွာလုပ်ဆောင်နေမှု ကို တွေးမိကာ ရှဲ့စန်း မနေနိုင်ဘဲ သက်ပြင်းချခဲ့သည်။
မိုင်နဲ က တံခါးကို ဖွင့်လိုက်တော့ ၄ယောက်လုံး ဧည့်ခန်းထဲ ဝင်သွားပြီး ရှဲ့စန်း က ဆိုဖာပေါ် ထိုင်ချလိုက်သည်။ မိုင်နဲ က သူ့ပခုံးကို ပုတ်လိုက်သည်။
"ကိုယ် ထမင်းချက်လိုက်ဦးမယ်"
ရှဲ့စန်း က ခေါင်းညိတ်လိုက်သည်။ အသုံးမပြုရသေးတဲ့ ဂေါ်ဖီထုပ် အကြောင်း တွေးကာ ဆင့်ခေါ်လိုက်သည်။ ဂေါ်ဖီထုပ် က အပြားလိုက်ရှိကာ ပြန့်နေဆဲဖြစ်ပြီး၊ ကုန်တိုက်မှာထက် များစွာ သေးငယ်သည်။ အဖြူရောင်အရွက်များတွင် ဝေဟင် ကင်မရာ အကြွင်းအကျန်တွေကြောင့် မည်းနေတဲ့ အပေါက်တွေ ပါရှိနေပြီး သူတို့က သနားစရာ ကောင်းနေသည်။ သူက အမှိုက်ပုံးကို ဆွဲထုတ်ကာ ဂေါ်ဖီရွက် တစ်ရွက်ကို ခူး၍ အကြွင်းအကျန်တွေ ကို အမှိုက်ပုံးထဲသို့ ခါထည့်လိုက်သည်။
လောင်ထန်း က စပ်စုစွာနဲ့ လှမ်းပြောသည်။ "ငါ မင်းကို ကူပေးမယ်"
ရှဲ့စန်း က သူ့ကို လွှဲပေးလိုက်သည်။ လောင်ထန်း က အရွက်ကို ညှစ်ပြီး ပြင်းပြင်းထန်ထန် လှုပ်လိုက်သည်။ဖိလိုက်သည်နှင့် အရွက်များ ကျိုးသွားကာ ဂေါ်ဖီထုပ် ပြုတ်ကျလာသည်။ လောင်ထန်း က အလျင်အမြန် လှမ်းအော်လိုက်သည်။
"အာ....၊ ကွဲသွားပြီ။ ငါ အား မသုံးဘူးနော် အာ!"
ရှဲ့စန်း က ပြန်ယူလိုက်သည်။ "အဆင်ပြေပါတယ်။ ဂေါ်ဖီထုပ်က အရမ်း ကြွပ်ပြီး အပြင်ပိုင်း အရွက်တွေ က အများကြီး ပျက်ဆီးနေတာ"
ဂေါ်ဖီထုပ် အမြစ်ကို ကိုင်ဖို့ သူ့လက်ကို သုံးလိုက်သည်။ သူ က အောက်ခြေ ကို ဆုပ်ကိုင်လိုက်ပြီး အလယ် က အရွက်မှ စကိုင်လိုက်သည်။ မကောင်းတဲ့ အရွက်တွေ ကို ဖယ်ထုတ်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်သည်။ အလွှာနှစ်လွှာ ဖယ်လိုက်ရပြီးနောက် တတိယအလွှာ က အပေါ်ယံတွင်သာ အစွန်းအထင်းတွေ ရှိခဲ့သည်။
လောင်ထန်း က သူ ညစ်ပတ်သွားမှာ ကို စိတ်မ၀င်စားဘဲ တစ်ချို့ကို လက်ထဲသို့ ဆုပ်ကိုင်ကာ ဂရုတစိုက်ကြည့်လိုက်သည်။ သူက လက်ညိုးအရွယ် အဖြူရောင် အပိုင်းအစ တစ်ခုကို ဆွဲကိုင်လိုက်ပြီး
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...