Chapter 43 : ဖွင့်ပြောခြင်း

6.6K 1.1K 20
                                    

Chapter 43 : ဖွင့်ပြောခြင်း

ရှဲ့စန်း သည် မိုင်နဲ၏ အပြုအမူက ကျေးဇူးတင်သည့် အစဉ်အလာ တစ်ခု ဖြစ်နိုင်သည် ဟု ထင်မိသော်လည်း သူ မရှက်ပဲ မနေနိုင်ပေ။ မီးဖိုချောင်ထဲ လှည့်ဝင်သွားပေမယ့် သူ့နှလုံးက ထိန်းမနိုင် သိမ်းမရ ခုန်နေခဲ့သည်။

သူ... က...အထီး...လေ။  မိုင်နဲကလည်း အထီးလေ။ အဲဒါကို 'သူ ငါ့ကို ကြိုက်‌နေတာလား' ဆိုတဲ့ အတွေးကြီး က ရှက်စရာကြီး၊ လုံးဝမဖြစ်နိုင်ဘူး!!!

ရှဲ့စန်း သူ့မျက်နှာသူ ပုတ်လိုက်ပြီး ခေါင်းထဲက ရှုပ်ယှက်ခတ်နေတဲ့ အတွေးတွေအားလုံးကို မေ့ပစ်ဖို့ ကြိုးစားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူ တွေးနေမိသည်၊၊

' ငါ့မှာ ဒီလိုအတွေးမျိုး  ရှိနေကြောင်း မိုင်နဲ သိသွားလို့ မဖြစ်ဘူး၊ အရမ်း ရှက်စရာကောင်းလွန်းတယ်'

အာလူး‌ကြော် ပန်းကန်ကို ဧည့်ခန်းထဲ သယ်သွားတဲ့အခါ သူ့မျက်နှာက ပုံမှန် ပြန်ဖြစ်သွားပြီး မိုင်နဲရှေ့မှာ အာလူး‌ကြော်တွေ ထားလိုက်သည် ။

" အရသာ ကောင်းလား သိရအောင် စားကြည့်ပါလား? "

မိုင်နဲက ပါးစပ်ထဲကို အာလူးကြော် တစ်ခု ပစ်ထည့်ကာ စားလိုက်ပြီး နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာသည်။

"အရသာရှိတယ်။ ဒါတွေကို အာလူးနဲ့လုပ်ထားတာလား။

ရှဲ့စန်း ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။ “ရေခဲသေတ္တာထဲမှာ ဖရဲသီးနှစ်လုံး ရှိသေးတယ်၊ နေ့လည်မှာ စားလို့ရတယ်"  အဲဒါက သူ နဲ့ ဖရဲသီးနွယ်ပင်ဆီ က လက်ဆောင် ဖြစ်သည်။

မိုင်နဲ သူ့ကို ကြည့်ရင်း သူ့မျက်လုံးတွေက နူးညံ့လာသည်။ “အင်း”

ရှဲ့စန်း သူ့ရှေ့က စွမ်းအင် ၂ ခုကို ကြည့်ပြီး မတွေးဘဲ မနေနိုင်ချေ ၊ 'မိုင်နဲ က ဖရဲသီးကို တကယ်ကြိုက်တာပဲ '

မိုင်နဲ နဲ့အတူ မနက်​စာ ပြီး​တော့ ​ပျော်​ရွှင်​စွာနဲ့ ကျင်းကျန်မှာ အလုပ်​ဝင်​ခဲ့တယ်​။ စနေနေ့ တစ်ရက်တည်း အလုပ်ဆင်းပြီး သူ ပိတ်ရက်ရတော့မည်။ သို့သော် သူ တောထဲမှာ ဘယ်လောက် ကြာအောင် နေရမလဲ ဆိုတာ သူ မသိပေ ။ အလုပ်ချိန် ပိုကြာလေ ပိုကောင်းလေ ဟု တွေးကာ အချိန်ပို ဆင်းရန် ပြင်လိုက်သည် ။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now