Chapter 107: လက်ထပ်ခွင့် တောင်းခြင်း
ရှဲ့စန်း အဝေးက သစ်ပင် အတန်းလိုက်ကြီး ကို လှမ်းကြည့်ရင်း အရမ်း စိတ်မကောင်း ဖြစ်မိသည်။ ဧရာမ ကြောင်မြီးတို သားရဲကို ပိတ်ဆို့ဖို့အတွက် သူက သစ်ပင် ၂၀ကို တစ်ပြိုင်နက်တည်း လဲလှယ်ခဲ့ရပြီး စွမ်းအင် ၂၀ ကို အသုံးပြုခဲ့ရသည်။ သူက မိုင်နဲ ကို ကြည့်လိုက်သည်။
"အပင်တွေ ကို ခြံဝင်းထဲမှာ ပြောင်းစိုက်ဖို့ တစ်ယောက်ယောက် ခေါ်လို့ ရမလား"
"ရတယ်၊ ကိုယ် နောက်မှ ဖုန်းဆက်လိုက်မယ်" မိုင်နဲ က ခေါင်းညိတ်ပြပြီး အပြင်သို့ ခေါ်သွားသည်။
ရှဲ့စန်း က သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ "မင်းရဲ့ ဘွဲ့လက်မှတ် မရသေးဘူး မဟုတ်လား"
ဆရာတွေ က အပင်ဌာန ဘွဲ့လက်မှတ် ကို အရင် ထုတ်ပေးတာ ဖြစ်ပြီး မိုင်နဲတို့ အတန်း က နောက်ဆုံးမှ ရတာဖြစ်နိုင်သည်။
မိုင်နဲ က “ကိုယ်တို့ ဆေးရုံသွားပြီးရင် သွားယူလိုက်မယ်”
"ငါ အဆင်ပြေပါတယ်။ မင်းရဲ့ ဘွဲ့လက်မှတ် ယူဖို့ ငါ မင်းနဲ့ လိုက်ခဲ့မယ် ၊ နောက်မှ အတူတူ ပြန်ကြမယ်” ဟု ရှဲ့စန်း က ပြောသည်။
မိုင်နဲ က တုံ့ဆိုင်းသွားသော်လည်း ရှဲ့စန်း က သူ့ကို သတင်း အချက်အလက် ဌာနဆီသို့ ဆွဲခေါ်သွားသည်။
“ဆုံးဖြတ်ပြီးသွားပြီနော်”
ဘေးက လူအုပ်ကြီး က လူစုခွဲ၍ လမ်းဖယ်ပေးကြသည်။
မိုင်နဲ အနောက်ကနေ လိုက်လာတဲ့ လူတွေက သူတို့နောက် ကို ဆက်လိုက်ကြသည်။ တစ်ယောက်ယောက်က
"ရှဲ့စန်း၊ ငါ အာလူး ယူလို့ရမလား"
"ငါ ငရုတ်သီး လိုချင်တယ်!"
မိုင်နဲ က “အဲဒါကို စဉ်းတောင် မစဉ်းစားနဲ့” ဟု အေးစက်တဲ့ လေသံဖြင့် ပြောလိုက်သည်။
ရှဲ့စန်း က မိုင်နဲ ဘွဲ့လက်မှတ် ယူတာကို လိုက်သွားကာ အဖွဲ့လိုက် ဓာတ်ပုံရိုက်တာ ကို စောင့်ဆိုင်းပြီးနောက်
“မင်းရဲ့ စာသင်ခန်းရှေ့မှာ ငါတို့ ဓာတ်ပုံ ရိုက်ကြမလား” လို့ အကြံပေးခဲ့သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...