Chapter 105: အလျော်ပေးခြင်း
Starnetတွင် ရှဲ့စန်းရဲ့ ဆက်နွယ်အပင်တွေ အကြောင်း ဆွေးနွေးမှုတွေ၊ အံ့အားသင့်နေမှုတွေနဲ့ ပြည့်နေခဲ့သည်။ ဒီသတင်း ကို စစ်တပ်က ထိန်းချုပ်ဖို့ ရောက်လာပေမယ့် ဒီရက်ပိုင်းအတွင်း အာရုံပြောင်းဖို့ နာမည်ကြီးတဲ့ သတင်းတွေ က မထွက်သေးတဲ့အတွက် ခေါင်းစဉ်က နာမည်ကြီးနေဆဲဖြစ်သည်။ အထူးသဖြင့် အပင်တွေနဲ့ ဆက်နွယ်တဲ့ အကြောင်း ဆွေးနွေးမှု ကို အကြိတ်အနယ် ဆွေးနွေးနေကြသည်။
ရှဲ့စန်း က သူ့အိမ်တွင်သာ နေနေပြီး လုံးဝ ထိခိုက်ခြင်း မရှိပေ။ ချီရှောက် က သူပြောတဲ့ အတိုင်း လုပ်ပေးသည်။ လုံခြုံရေး ကိရိယာတွေ တပ်ဆင်ဖို့ သူ့လူတွေကို ခေါ်ဆောင်ပြီးနောက် ဘယ်သူမှ သူ့နောက်ကို လိုက်မလာတော့ပေ။ စစ်ဘက်ဆိုင်ရာ ဌာနရဲ့ ကိရိယာတွေ က ခြံစည်းရိုး တစ်ဝိုက်တွင်သာမက အရမ်း အဆင့်မြင့်တဲ့ အကာအကွယ်တွေ က လေထဲ၌ပါ ရှိနေသည်။ခြံစည်းရိုး တစ်ဝိုက် က ထုတ်လွှတ်တဲ့ ရောင်ခြည်တွေ က အိမ်တစ်ခုလုံး ကို ဖုံးအုပ်ထားပြီး ကြီးမားတဲ့ စက်ဝိုင်းပုံ အမိုးတစ်ခု ဖြစ်ပေါ်လာသည်။
ခွင့်ပြုထားတဲ့ လွန်းပျံယာဉ်နဲ့ ပျံသန်းနိုင်တဲ့ သားရဲတွေ အပြင်၊ ထိုကောင်းကင်ယံ ဧရိယာအတွင်း ပျံသန်းနိုင်တဲ့ ယာဉ် ဒါမှမဟုတ် သားရဲတွေ ဖြတ်သွားရင် သတိပေးချက် တစ်ခု ထွက်ပေါ်လာမည် ဖြစ်သည်။ လုံခြုံရေးအတွက် အထူး သတိပေးချက် ကို စစ်တပ်၊ ရှဲ့စန်း နဲ့ မိုင်နဲရဲ့ လက်ပတ်တွေနဲ့ ချိတ်ဆက်ထားသည်။
၂၈ရက် နေ့လယ်တွင် ရှဲ့စန်း က ပါးပါးပိုင် ပို့ပေးတဲ့လိပ်စာအတိုင်း သားရဲတွေ ကို ခွဲစိတ်ကုသမည့် ဆေးရုံသို့ သွားကာ သားရဲတွေနဲ့ ချောမွေ့စွာ ဆက်သွယ်နိုင်ရန် ထွမ်းထွမ်း ကို ခေါ်သွားခဲ့သည်။
ဒီနေ့ က သားရဲတွေ အတွက် ပထမဆုံး ခွဲစိတ်မှုဖြစ်ပြီး၊ ဝက်ဝံကြီး က မနက်ပိုင်းတွင် ခေါ်သွားခံခဲ့ရသည်။ ကျန်သားရဲတွေ က အဲဒီ့ အခြေအနေရဲ့ ဒဏ်ကို ခံခဲ့ရပြီး ရှဲ့စန်း အိမ်က မထွက်ခင် သူတို့အား ငြိမ်အောင် လုပ်ပေးခဲ့သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...