Chapter 17: အပင် ဌာန
ရှဲ့စန်း copyကူးလိုက်ပြီး replyပြန်ဖို့လုပ်လိုက်သည်။
[ reply ပြန်လို့မရပါ ]
ရှဲွစန်း ကြောင်သွားပြီး မျက်နှာပြင်ပေါ်က signalကို ကြည့်လိုက်မိသည် ။ အဲ့ဒါက အပြည့်ပဲ ဆိုပေမယ့် video အောက်က ထိပ်ဆုံး comment နှစ်ခုက ပျက်သွားခဲ့သည်။
[ ဘာဖြစ်သွားတာလဲ ရွှေအဆင့်နှစ်ယောက်စလုံးက သူတို့ comment တွေကို ဖျက်သွားတာလား ]
[ ရှုပ်ထွေးနေတဲ့ emoji....]
[ ငါ့ရဲ့ သိချင်စိတ်က ပိုတိုးလာပြီ ]
ဌာနမှူးနှစ်ယောက်က အရေးကြီးတဲ့ အချက်အလက်ကို ပြောပြီးမှ ရုတ်တရက်ကြီး comment ဖျက်သွားတာလဲဆိုတာ ကို အကြောင်းပြချက် မျိုးစုံနဲ့ ပြောနေကြသည်။
ဆက်နွယ်သားရဲ အဖွဲ့အစည်းမှာတော့ ချောမောတဲ့လူတစ်ယောက်က ရုံးထိုင်ခုံမှာမှီထိုင်နေပြီး လက်နှစ်ဘက်ကိုတင်ထားခဲ့သည် ။ သူက ဆန့်ကျင်ဘက်မှာထိုင်နေတဲ့လူကို ပြုံးပြနေပြီး
" ဒေါသမထွက်ပါနဲ့၊ ကိုယ့်ခန့်မှန်းချက်ကို မပြောခဲ့ဘူးဆိုတာ မင်းမြင်သားပဲ၊ ပြီးတော့ replyကိုလည်း ဖျက်လိုက်ပြီလေ "
" မင်းက ပြောချင်နေသေးတာလား ၊ တကယ်လို့ ငါသာ အချိန်မှီ မတွေ့ခဲ့ဘူးဆိုရင် အဖြေရတာနဲ့ မင်းရဲ့ comment အောက်မှာ မင်းကိုယ်တိုင် reply သွားပြန်တော့မှာ မဟုတ်ဘူးလား "
အရပ်ရှည်ရှည်နဲ့လူရဲ့လက်က ခုံကို ခေါက်ကာ သူ့ရဲ့ ချောမောတဲ့မျက်နှာကို ဘေးစောင်းကြည့်လိုက်ပြီး
" မုလင်း, ဦးနှောက်သုံးစမ်းပါ ၊ဟုတ်ပြီလား? မင်း စကားအကုန်ပြောလိုက်ပြီး တစ်ကမ္ဘာလုံးသိသွားတာကို စဥ်းစားကြည့်စမ်း "
မုလင်း ခန္ဓာကိုယ် ရှေ့တိုးလိုက်သည် ။နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီး အရမ်းနီးကပ်နေသည် ။မုလင်းရဲ့လက်က သူ့လည်ပင်းနားကို ပွတ်သပ်လိုက်ပြီး မျက်ခုံးပင့်ကာ ပြောလာသည်။
" ဘာကို ကြောက်ရမှာလဲ, မင်း ဒီမှာရှိနေတယ်လေ "
သူ့ကို စိုက်ကြည့်လာပြီး " ငါ့ရဲ့ကျန်တဲ့ ဘဝတစ်လျောက်လုံး မင်းရဲ့ လက်ထောက်ဖြစ်ပေးဖို့ အစီအစဥ်မရှိဘူးနော် "
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...