ယန်ရွှင်နဲ့ HRမန်နေဂျာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး ညာဘက်ကို အတူတူလျှောက်သွားခဲ့သည်။
ရှဲ့စန်း သူတို့နောက် လိုက်သွားခဲ့ပြီး ပထမထပ် ဝင်ပေါက်နားမှာ လူ လေး၊ငါးယောက် ရပ်နေကြသည်။ အရှေ့မှာ ရပ်နေတဲ့ လူနှစ်ယောက်မှာ တစ်ယောက် က ယန်ရွှင် ဝတ်ထားသလို ပြုစုစောင့်ရှောက်ရေး ဝတ်စုံ အဖြူရောင် ကို ဝတ်ထားခဲ့ပြီး ဆန့်ကျင်ဘက် မှာ ခရမ်းရောင် ရှပ်အင်္ကျီ ဝတ်ထားတဲ့သူ ကို မရပ်မနားတောင်းပန်နေခဲ့သည်။
"ကျွန်တော် တောင်းပန်ပါတယ်၊ အဲ့ဒီလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ကျွန်တော် တောင်းပန်ပါတယ်"
"တောင်းပန်ရုံနဲ့ ဘာလုပ်ရမှာလဲ" ခရမ်းရောင်ဝတ်ထားတဲ့လူရဲ့ အသံ က အက်ကွဲနေပြီး မျက်လုံးတွေက နီရဲနေသည်။
" ရှောင်အားပေ့ က မင်းကြောင့် နာသွားတာလေ၊ သူအခု အရမ်း ကြောက်နေတယ်၊ အခုကစပြီး ဆေးထိုးတာ ကို ကြောက်သွားတာ ဖြစ်နိုင်တယ် "
သူ့လက်ထဲမှာ အဖြူရောင် အလုံးလေး ပွေ့ထားခဲ့သည်၊ တစ်ကိုယ်လုံး လက်မောင်းကြားမှာ မြုပ်နေပြီး အမြီး လုံးလုံး တိုတိုလေး တစ်ခုပဲ ပေါ်နေသည်။ ဘယ်ဘက် အောက်ခြေ နဂို အဖြူရောင် အမွှေးတွေ က သွေးတွေ စွန်းနေခဲ့သည်။ တုန်နေတဲ့ ခန္ဓာကိုယ်လေး ကို ညာဘက်လက်နဲ့ ပွတ်သပ်နေရင်း တံခါးအပြင်ကို ထွက်လာပြီး ပြောခဲ့သည်။
"ငါ မင်းကို တကယ် တိုင်ကြားပစ်မှာ ၊ အနာဂတ်မှာ ဘယ်သူက သူတို့ရဲ့ ဆက်နွယ်သားရဲစောင့်ရှောက်ဖို့ မင်းစီ ကို ပေးရဲမလဲ စောင့်ကြည့်နေမယ်"
ယန်ရွှင် ရှေ့ကို လှမ်းလိုက်ပြီး
"ခဏစောင့်ပါဦး "
သူ့အသံက ညင်သာပြီး လူတွေကို ကောင်းမွန်တဲ့ ခံစားချက် ပေးနိုင်သည်၊ အဲ့ဒါကြောင့် ဖြစ်နိုင်သည်၊ ခရမ်းရောင် ဝတ်ထားတဲ့လူ က ရပ်တန့်သွားပြီး ယန်ရွှင်ကို လှည့်ကြည့်လာသည်။
ယန်ရွှင် ကို မြင်လိုက်တဲ့အချိန် သူမျက်နှာ ပိုကြည့်ရဆိုးသွားခဲ့သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...