Chapter 45 : ဆင်းသက်ခြင်း
လောင်ထန်း သည် ယာဉ်မောင်းရဲ့ အံ့အားသင့်မှုကို လုံးဝ နားမလည်ဘဲ ပြုံးပြုံးကြီး ပြောလိုက်လိုက်သည်။
"ကျွန်တော်တို့က ရှင်းချန် ကပါ"
ယာဉ်မောင်း က သူ့မျက်နှာတွင် 'မင်း ငါ့ကို နောက်နေတာလား' ဆိုတဲ့ အကြည့်နဲ့ မျက်လုံးကို လှန်လိုက်တော့ ပိုင်ကျောင်း က ရယ်လိုက်သည်။ ရှဲ့စန်း သူတို့ကို လျစ်လျူရှု၍ ဖရဲသီးနွယ်ပင်ကို ခေါ်ကာ သူ့ကို ချည်ခိုင်းလိုက်ပြီး တံခါးဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားလာသည်။ ဖရဲသီးနွယ်ဖြင့် ကာကွယ်ထား သော်လည်း သူစိတ်မပူဘဲ မနေနိုင်သေးပေ။
ပထမအကြိမ်က သူ့ကိုယ်သူ အမြင့် ကြောက်တယ် လို့ထင်ခဲ့တာ။
လောင်ထန်း က သူ့လက်မောင်းကို လှမ်းဆွဲလိုက်သည်။
“မကြောက်ပါနဲ့၊ ငါတို့ အောက်ကို တစ်မိနစ်အတွင်း ရောက်လိမ့်မယ်"
ရှဲ့စန်း သူ့ကို ပြုံးပြပြီး အသက်ပြင်းပြင်းရှူကာ ကျောခိုင်းပြီး သူ့ခန္ဓာကိုယ်ကို အရင် ထွက်လိုက်တယ်။ ထို့နောက် ခြေထောက်ဖြင့် ဆွဲလှေခါးပေါ် တက်ကာ လက်နှစ်ဖက်ကို လှေကားရဲ့ ဘေးနှစ်ဖက်သို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။ ထို့နောက် မတ်တပ်ရပ်ကာ လောင်ထန်း အား “အဆင်ပြေပါတယ်” ဟုပြောလိုက်သည်။
လောင်ထန်း လက်လွှတ်လိုက်သည်။ ရှဲ့စန်း လှေကားကို ငုံ့ကြည့်ကာ ဖြည်းညှင်းစွာ အောက်သို့ ဆင်းသွားလိုက်သည်။ လှေကားသည် သူ့ရဲ့ လှုပ်ရှားမှုကြောင့် ယိမ်းနွဲ့သွားကာ သူ မတုန်ဘဲ မနေနိုင်ပေ။ အောက်ကိုငုံ့ကြည့်ပြီးနောက် မျက်လုံးကို အမြန်လွှဲလိုက်သည်။
ကြောက်စရာ ကောင်းလိုက်တာ!!!
ဖြေးဖြေးချင်း ဆက်ဆင်းဖို့က အရမ်း ရက်စက်လွန်းသည်။ “ငါ့ကို သယ်ပြီး လှေကား ဘေးကနေ ဖြည်းဖြည်းချင်း ဆင်းသွားပါ” ဟု စိတ်ထဲကနေ ညွှန်ကြားလိုက်သည်။
ဖရဲသီးနွယ်ပင်က သူ့ကို လှေကားမှ လှမ်းဆွဲလိုက်သည်။ သူသည် ဆွဲငင်အား ခံစားလိုက်ရပြီး လက်လွှတ်လိုက်သည်။ သူ့လက်တွေ၊ခြေတွေ က လှေကားကနေ တစ်ပြိုင်နက်တည်း လွတ်ထွက်သွားကာ နွယ်ပင်တွေ မြှောက်တာခံလိုက်ရပြီး အဲဒီမှာ မျောနေသည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...