Chapter 59 : စတုတ္တ အပင်အား အသက်သွင်းခြင်း
ရှဲ့စန်း က အက်ဒမ် ကို ခေါ်လိုက်တော့
("အားစန်း ဘာလဲ၊ ဘာဖြစ်နေတာလဲ?")
ရှဲ့စန်း ငရုတ်ပင်ရဲ့ အောင်မြင်မှု ကို ချက်ချင်း ပြောပြခဲ့သော်လည်း ခရမ်းချဉ်သီး က မအောင်မြင်ခဲ့ပေ။ ရှုပ်ထွေးသွားပြီး
( "အနီရောင် စွမ်းအင်တွေ ပြန်ကောင်းလာတယ်၊ ဒါပေမယ့် အနီရောင် အပင်ကို စိုက်လို့မရဘူး?")
အက်ဒမ်က (“ဟုတ်တယ်။ ခရမ်းချဉ်သီးတွေ က စနစ်က လဲထားတဲ့ အပင်တွေ မဟုတ်ဘူးလေ။ သူတို့ရဲ့ ရှင်သန်မှု က စနစ်က ရတဲ့ အပင်တွေလောက် ခိုင်ခံ့မှုမရှိသလို၊ ဒီမြေဆီလွှာ က စားသုံးနိုင်တဲ့ အပင်တွေ ကြီးထွားမှု အတွက် မသင့်လျော်ဘူး”)
("ဒါဆို အရင်က တောထဲမှာ ခရမ်းချဉ်သီးတွေ ဘယ်လိုပေါက်တာလဲ") ရှဲ့စန်း အံ့သြသွားသည်။
(“ကြီးထွားလာတဲ့ နေရာက အနီရောင် စွမ်းအင်နဲ့ နီးတယ်၊ ဒါပေမယ့် အခု စိုက်ပျိုးတဲ့ နေရာမှာတော့ အနီရောင် စွမ်းအင် မရှိဘူးလေ”) အက်ဒမ်က ပြောသည်။
ရှဲ့စန်း က မျက်ခုံးကို ရှုံ့လိုက်ပြီး ("ဒါဆို စနစ်က ရွေးပေးတဲ့ အပင်တွေက လွဲရင် ကျန်တာတွေ စိုက်ပျိုးလို့ မရဘူးလား")
(“မဟုတ်ဘူး၊ မြေဆီလွှာအရည်အသွေး မပြောင်းလဲသရွေ့ စိုက်လို့ရတယ်)
ရှဲ့စန်း က သက်ပြင်းချရင်း (“ဘရန့်ဒ်ဂြိုလ် မှာ စားသုံးနိုင်တဲ့ အပင်က နည်းနည်းလေးပဲ ရှိတယ်၊ မြေဆီလွှာ အရည်အသွေးကို မြှင့်တင်နိုင်မယ်ဆိုရင် ဟိုးအရင်ကတည်းက တိုးတက်လာမှာပေါ့။ စနစ်ရဲ့ အပင်တွေ အတွက်သာ ဖြည်းညှင်းစွာ လဲလှယ်နိုင်ပုံရတယ်။ တောရိုင်း အပင်တွေကို အားကိုးလို့ မရဘူး”)
အက်ဒမ်က (“ငါတို့ တောရိုင်းပင်တွေ ကို စိုက်ပျိုးနိုင်တယ်။ စနစ်ရဲ့ အပင်တွေ က စွမ်းအင်တစ်မျိုးစီနှင့် ကိုက်ညီပြီး မြေမှာ စိုက်ပြီးရင် မြေဆီလွှာ အရည်အသွေးကို မြှင့်တင်ပေးနိုင်တယ်”) (“စနစ်ရဲ့အပင်တွေ ကို ငါ့ရဲ့ စွမ်းအင် ဒြပ်စင်ငါးခုကနေ စိုက်ပျိုးထားတာ၊ အဲဒါက အရမ်း အစွမ်းထက်တယ်”)
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...