Chapter 31 : အဖွဲ့လိုက် ပြိုင်ပွဲ အတွင်း.....
ရှဲ့စန်း ၏ လေးယောက်အဖွဲ့သည် ရှေ့သို့ လျှောက်သွားကြသည်။ သွားလေလေ၊ အပင်တွေ ပိုထူလာလေဖြစ်သည်။ ကျွန်းသည် မြင့်မားသော သစ်ပင်များဖြင့် ဝန်းရံထားပြီး မော့ကြည့်လိုက်ရင် ကောင်းကင်ကိုတောင် မမြင်နိုင်ပေ။ ငှက်များနှင့် အင်းဆက်ပိုးမွှားများအားလုံး၏ အော်မြည်သံများ အပြင် တောနက်ထဲ၌ သားရဲများ၏ ဟိန်းဟောက်သံများနှင့် တစ်ခါတစ်လေ လူတို့၏ အော်သံများ စသည်ဖြင့် အသံပေါင်းစုံ ကို သူတို့ နားထဲတွင် ကြားနေရသည်။
လူတစ်ယောက်တည်းသာ ရှိလျှင် ဤအငွေ့အသက်သည် ကြောက်စရာ ကောင်းနေလိမ့်မည်။ ရှဲ့စန်း သည် သူ့ရှေ့ရှိ မိုင်နဲ၏ အရပ်မြင့်မြင့် နောက်ကျောကို ကြည့်ပြီး စိတ်သက်သာရာ ရသွားသည်။ မိုင်နဲ သည် သူ့လက်ပတ်ကို ခဏခဏ ဖွင့်ကြည့်နေပြီး အထဲသို့ မဝင်မီ သူတို့၏ ခြေလှမ်းများကို သတိထားရန် ရံဖန်ရံခါ သတိပေးခဲ့သည်။
မြေပြင်ကို အရွက်ခြောက် အလွှာများဖြင့် ဖုံးအုပ်ထားသည်။ မြေဆီလွှာသည် စိုစွတ်၍ ပျော့ပျောင်းနေသည်။ သူတို့နင်းလိုက်တိုင်း နစ်မြုပ်သွားသလို ခံစားရပြီး အဲဒီလို လမ်းလျှောက်ရတာ အရမ်းပင်ပန်းစေသည်။ ရှဲ့စန်း မောလာသဖြင့် မိုင်နဲ၏ အရှိန်နှင့် လိုက်လျောညီထွေ ဖြစ်အောင် သူ့အသက်ရှုခြင်းကို ထိန်းရန် ကြိုးစားခဲ့သည်။ သူ ပိုင်ကျောင်း နဲ့ လောင်ထန်း ကို ပြန်လှည့်ကြည့်လိုက်သည်။ ပိုင်ကျောင်း က ချွေး လုံးဝ မထွက်ပေ၊၊ လောင်ထန်း က သူ့လိုပဲ နဖူးတစ်ပြင်လုံး ချွေးတွေထွက်နေသည်။
ရှဲ့စန်း သည် ပိုင်ကျောင်း ကို မနာလိုစွာကြည့်ကာ ရှေ့သွားမည့်လမ်းကို မျှော်ကြည့်ရင်း သူ့ချွေးများကို သုတ်လိုက်သည်။
"ဝိုး...! အဲဒါ က လှတယ်"
ညာဘက် မနီးမဝေးရှိ စိမ်းစိုနေသော ချုံပုတ်များတွင် ရှည်လျားပြီး လူပုံသဏ္ဌာန် ရှိသော အပင်တစ်ပင်ရှိသည်။ စွပ်ပြုတ်ပန်းကန်လုံး အရွယ် ပန်းတစ်ပွင့်သည် အပင်၏ထိပ်တွင် ပွင့်နေသည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...