Chapter 54 : Live streaming
ရှဲ့စန်း Starrnet ထဲသို့ ဝင်လိုက်သည်။ ပထမဦးဆုံး သူ ဘရန့်ဒ်ဂြိုလ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အဆင့်များကို စစ်ဆေးလိုက်သည်။ ပြီးနောက် လက်ဆောင် ပေးသည့် ဝန်ဆောင်မှုများနှင့် liveလွှင့်မှု ဆိုင်ရာ လိုအပ်ချက်များကို စစ်ဆေးရန် ပထမတစ်ခု ဖြစ်တဲ့ ထရီလ် ရဲ့ အချက်အလက် စာမျက်နှာကို သွားကြည့်ခဲ့သည်။ သူက အဲဒါကို ကြည့်ပြီး ရိုးရှင်းစွာ ပြောရရင် လိုအပ်ချက်တွေမရှိဘူး လို့ ကောက်ချက်ချခဲ့တယ်။
မင်း က နိုင်ငံသား ဖြစ်သရွေ့၊ မင်း က တင်ဆက်သူ ဖြစ်လာနိုင်သည်။ တခြား လိုအပ်ချက် မရှိပေ။ liveလွှင့်မှု လုပ်ရန် သက်ဆိုင်ရာ ကိရိယာများသာ လိုအပ်ပြီး ထုတ်လွှင့်သည့် အကြောင်းအရာ မလိုအပ်တာကြောင့်၊ အရွယ်ရောက်ပြီးသူနဲ့ ဆိုင်တဲ့ ပရိုဂရမ် အပါအဝင် မည်သည့်အရာကို မဆို ထုတ်လွှင့်နိုင်သည်၊ မှန်ကန်တဲ့ groupကို ရွေးချယ်ဖို့ပဲ လိုသည်။
သူ ဆက်နွယ်သားရဲများထံ ရလဒ်များကို ပြန်ပြောပြီးနောက် {"ဘာ လွှင့်ဖို့ စဉ်းစားပြီးပြီလဲ"} ဟု စပ်စုကာ မေးလိုက်သည်။
{"တိုက်ပွဲ!"} ကျားကြီး က အခွင့်ကောင်း ယူပြီး ပြောလာသည်။
အစက်အပြောက်နဲ့ ကျားသစ်က {"ငါ က ချစ်ဖို့ကောင်းတာ လုပ်နိုင်တယ်"} ဟု တိုးတိုးလေးပြောသည်။
ကျားသစ်နက်က {"အဲဒါဆို ငါ က ရုပ်ချောတာ လုပ်မယ်"}
ဧရာမ ဝံပုလွေသားရဲ {"ငါ သီချင်း ဆိုနိုင်တယ်"}
ဧရာမ ကြံ့သားရဲ၊ {"ငါ ကြံ့ဦးချိုနဲ့ ကျောက်တုံးတွေကို ဖြိုနိုင်တယ်"}
ခြင်္သေ့ကြီး၊ {"ငါ ခြင်္သေ့ရဲ့ ဟိန်းဟောက်သံ လုပ်ပေးတယ်"}
ဆင်ကြီးနှစ်ကောင် က {"ငါတိူ့ကို ရေတစ်ပုံးပေးပါ၊ ရေဖြန်း ပြလို့ရတယ်"}
ရှဲ့စန်း အံ့သြသွားသည်။ အဲဒါဆို သူတို့က စကားပြောရုံတင် မဟုတ်ဘဲ၊ အကြောင်းအရာကိုပါ ထည့်သွင်းစဉ်းစားခဲ့ကြတာပဲ။ ပြီးတော့ အလွန် ယုံကြည်စိတ်ချရတဲ့ အသွင်အပြင် တစ်ခုလည်း ရှိနေတယ်။ ဧရာမ ကြံ့သားရဲရဲ့ စွမ်းဆောင်မှု က တီဗီမှာ ပြတဲ့ ရင်ဘတ်ကို ဖိပြတဲ့ ကျောက်တုံးကြီးကြောင့် လှုံ့ဆော်ခံရသည် ဟု သူသံသယရှိခဲ့သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...