Chapter 70 : အမ
ရှဲ့စန်း ခရီးသည် ထိုင်ခုံတွင် ထိုင်လိုက်သည်။ မိုင်နဲ လွန်းပျံယာဉ်ကို ရပ်လိုက်တာ မြင်တော့ အပြင်ကို လှမ်းကြည့်လိုက်သည်။ သူတို့က တိုက်ခန်းမှာ မဟုတ်ဘဲ စူပါမားကတ်မှာ ရောက်နေသည်။
“တစ်ခုခု ဝယ်ချင်လို့လား” ဟုမေးလိုက်သည်။ "အိမ်မှာ အသားတွေ အလုံအလောက် ရှိသေးတယ်လေ”
လွန်းပျံယာဉ် က နွေးထွေးတဲ့ အဝါရောင်ဖြင့် လင်းနေပြီး အလွန်တောက်ပခြင်း မရှိပေ။ အလင်းရောင်က မိုင်နဲရဲ့ မျက်နှာပေါ် ကျရောက်နေပြီး မှိန်ဖျော့တဲ့ အရိပ်တစ်ခု ဖြစ်ပေါ်နေသည်။ ရှဲ့စန်း ကို ကြည့်နေရင်း သူ့မျက်လုံးတွေ အနည်းငယ် မှိန်သွားသည်။
“အင်း... တစ်ခုခု ဝယ်ဖို့ လိုတယ်။ လွန်းပျံယာဉ်ပေါ်မှာ ကိုယ့်ကို စောင့်နေ"
ရှဲ့စန်း က သိပ်စဉ်းစားမနေဘဲ တံခါးကို ဖွင့်ဖို့ အသင့်ပြင်လိုက်သည်။ "ငါ မင်းနဲ့လိုက်ခဲ့မယ်လေ"
“မလိုဘူး” မိုင်နဲ က ချက်ချင်း ပြန်ပြောသည်။ "မင်း ကိုယ့်ကို ဒီမှာစောင့်နေ"
ရှဲ့စန်း မျက်ခုံးပင့်လိုက်သည်။ ထူးဆန်းနေတာ ကို သူချက်ချင်း ခံစားလိုက်ရသည်။ မိုင်နဲ က ဘယ်လောက် တွယ်ကပ်နေခဲ့သလဲ၊ ဒီလို သေးငယ်တဲ့ ကိစ္စအတွက် သူနဲ့အတူလိုက်ဖို့ သူ့ရဲ့ကမ်းလှမ်းမှု ကို ငြင်းဆန်ဖို့ အကြောင်းပြချက် မရှိချေ။ ရှဲ့စန်းရဲ့ အတွေးတွေ များလာပြီး သူ့တွင် မှန်းဆချက်တစ်ခု ရှိလာခဲ့သည်။ သူ့ကို လက်ဆောင်ပေးဖို့၊ အံ့အားသင့်သွားအောင် လုပ်ချင်ခဲ့တာ ဖြစ်မယ် ဆိုတော့ ကြိုပြီး မပြောနိုင်လောက်ဘူးလေ။ ရှဲ့စန်း က ဒီအကြောင်းကို ပိုတွေးလေလေ ဖြစ်နိုင်လေလေ ဟု တွေးကာ ပြုံးလိုက်သည်။
“ကောင်းပြီ၊ ငါ မင်းကို ဒီမှာစောင့်နေမယ်"
မိုင်နဲ က အရမ်းမြန်တယ်။ သူထွက်သွားပြီး သုံးမိနစ်လောက်ကြာတော့ ပြန်လာခဲ့တယ်။ ရှဲ့စန်း က သူ့လက်ဗလာကို ကြည့်ပြီး သူ ဘာဝယ်ထားတာလဲ သိချင်တဲ့အတွက် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တယ်။
BINABASA MO ANG
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...